News
တရုတ်နိုင်ငံ ဧဝရက်တောင်(ချိုမိုလန်းမားတောင်)အမြင့် တိုင်းတာရေးအဖွဲ့မှ အဖွဲ့ဝင်များ နှင်းတောအန္တရာယ်ပိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့

ချိုမိုလန်းမာတောင်နားနေစခန်း၊ မေ ၁၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ ၂၀၂၀ ပြည့်နှစ် ဧဝရက်တောင်(ချိုမိုလန်းမာတောင်)အမြင့် တိုင်းတာရေးအဖွဲ့၏ လမ်းပြင်သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင်များသည် မေ ၁၀ ရက်က နှင်းတောအန္တရာယ်အပိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် တောင်ထိပ်သို့တက်ရောက်မည့် လမ်းကြောင်းအား ရှင်းလင်းနိုင်တော့မည်ဟု ကြိုတင်ခန့်မှန်းရကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဧဝရက်တောင် အမြင့်တိုင်းတာရေး အဖွဲ့ အဖွဲ့ခေါင်းဆောင် ချစ်လော့က မူလအစီအစဉ်အရ မေ ၁၁ ရက်တွင် လမ်းကြောင်းပြကြိုးကို ပင်လယ်ရေမျက်နှာပြင်အထက် ၈,၆၀၀ မီတာခန့်အထိ ခင်းထားပြီး အမြင့်၈,၃၀၀ မီတာရှိ ယာယီစခန်းသို့ ပြန်လာရမည်ဖြစ်ကြောင်း၊ မေ ၁၂ ရက်တွင် ရာသီဥတုအခြေအနေကောင်းမွန်ပါက တောင်ထိပ်သို့ တက်ရောက်မည့် လမ်းကြောင်းကို ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံ ၂၀၂၀ ပြည့်နှစ် ဧဝရက်တောင်(ချိုမိုလန်းမားတောင်)အမြင့်ပေ တိုင်းတာရေးအဖွဲ့၏ လမ်းပြင်သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင်များအား မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဧဝရက်တောင်(ချိုမိုလန်းမားတောင်)၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၀၀ မီတာမှ ၆,၅၀၀ မီတာအကြားတွင် တွေ့ရှိရသော ဆီးနှင်းတော မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၉ ခုနှစ်မှစ၍ တရုတ် မြေတိုင်းပညာရှင်များက ဧဝရက်တောင်(ချိုမိုလန်းမားတောင်)အမြင့် တိုင်းတာမှုနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး တောင်ထိပ်အမြင့်ကို ၁၉၇၅ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တို့တွင် နှစ်ကြိမ် ထုတ်ပြန်ခဲ့ရာ ၈,၈၄၈ ဒသမ ၁၃ မီတာနှင့် ၈,၈၄၄ ဒသမ ၄၃ မီတာ အသီးသီးရှိကြောင်း သိရသည်။(Xinhua)