Connect with us

Economy

မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ ၁၀ နိုင်ငံ မှ တရုတ် နိုင်ငံ နှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင့်ခြင်း ဆွေးနွေးမှု ရလဒ် စာချုပ်ချုပ်ဆို

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မလေးရှားနိုင်ငံ တွင် ကျင်းပသော ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ အစည်းအဝေး ပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံနှင့် အတူတကွ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင့်မှု နှင့် ပတ်သက်သော ဘက်စုံ ဆွေးနွေးမှု ရလဒ်နှင့် ပတ်သက်သည့် စာချုပ်နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများနှင့် ပြင်ဆင် ချုပ်ဆိုခဲ့သည့် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင် လက်မှတ်ရေး ထိုးပွဲကို တက်ရောက် ခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချိန် နှင့် အာဆီယံ ၁၀ နိုင်ငံမှ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီးတို့မှ အစိုးရ ကိုယ်စားလှယ် များအနေဖြင့် လက်မှတ်ရေး ထိုးခဲ့ကြသည်။

တရုတ် နိုင်ငံသည် အာဆီယံ အဖွဲ့အစည်း အတွက် အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး အာဆီယံ အဖွဲ့အစည်းသည် တရုတ် နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်သည် တရုတ် နိုင်ငံမှ ဆွေးနွေးနေသော အကြီးမားဆုံး ကုန်သွယ်ရေးဇုန် တစ်ခု ဖြစ်ပြီး တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက် ဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပ ခဲ့သည့် ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) အစည်းအဝေးတွင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်အား အဆင့်မြှင့်တင်ရန်ကို အကြံပြုခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော တရုတ်-အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် ယင်းအစီအစဉ်အား စတင်ရန် ဆွေးနွေးမှုများ စတင် ပြုလုပ်ကြောင်းကို ကြေညာခဲ့ပြီး ၄ ကြိမ်မြောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခု အကြိမ်တွင် ဆွေးနွေးမှု ရလဒ် စာချုပ်အား ချုပ်ဆို နိုင်ခဲ့သည်။

၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ အစည်းအဝေး သို့ တက်ရောက်လာသော အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ယခု ချုပ်ဆိုခဲ့သည့် စာချုပ်သည် တရုတ်-အာဆီယံ ကုန်သွယ်ရေး နှင့် အခြား ကဏ္ဍများစွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး တရုတ်-အာဆီယံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။ ထို့ပြင် ၂၀၂၀ ခုနှစ် တွင် နှစ်ဖက်ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၁,၀၀၀ ရောက်ရှိရေး ရည်မှန်းချက် နှင့် ဒေသတွင်း ဘက်စုံ မိတ်ဆွေ ဆက်ဆံရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) ဆွေးနွေးမှု နှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှု ဇုန် တည်ဆောက်ရေး အတွက် လည်းများစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.