Connect with us

Economy

အာဆီယံ၊ ဟောင်ကောင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးမည်

၂၀၁၆ ခုနှစ် လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် ဟောင်ကောင် ဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဟောင်ကောင်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံ ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) တို့သည် အာဆီယံ-ဟောင်ကောင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (AHKFTA) နှင့် အာဆီယံ-ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် (AHKIA) တို့အား နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သော နှစ်နိုင်ငံ ပူးတွဲကြေညာချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ HKSAR ဒေသ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွင်းဝန် Edward Yau နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး Ramon Lopez တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် ဟောင်ကောင် ဆွေးနွေးညှိနှိုင်းပွဲများအတွင်း ယခုလို သဘောတူညီချက်များ ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါ သဘောတူညီချက်များအား နိုဝင်ဘာလတွင် ဖိလစ်ပိုင်တွင် ပြုလုပ်မည့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပစဉ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

“သဘောတူညီချက်များကို လက်မှတ်ထိုးပြီးပါက ဒေသနှစ်ခုလုံးအတွက် နိမိတ်လက္ခဏာကောင်းများ ဖြစ်ပြီး မိုက်ခရို၊ အသေးစား၊ အလတ်အစား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် အမျိုးသား စီးပွားရေး အသိုက်အဝန်း တစ်ခု ဖြစ်လာစေမှာပါ။ ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ ပွင့်လင်းသော ဈေးကွက်များ ဖော်ဆောင်ရေး အာဆီယံရဲ့ ခိုင်မာတဲ့ ကတိကဝတ်အတွက် ကောင်းစွာ အချက်ပြလိုက်ခြင်းလဲ ဖြစ်တယ်” ဟု ဒုတိယ ကုန်သွယ်ရေး ဝန်ကြီး Ceferino Rodolfo က ပြောသည်။

၂၀၁၆ ခုနှစ်အတွင် ဟောင်ကောင်နှင့် အာဆီယံအကြား ကုန်စည်ရောင်းဝယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀၆.၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ် ဝန်ဆောင်မှုလုပ်ငန်းများမှာ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံ ရှိခဲ့ကြောင်း HKSAR ဒေသအစိုးရ၏ စာရင်းအင်းများအရ သိရသည်။

HKSAR ဒေသ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွင်းဝန် Edward Yau က “FTA နဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကနေ စီးပွားအတွက် အကျိုးကျေးဇူးတွေ ရရှိလာပြီးတော့ အာဆီယံ ဈေးကွက်များထံ ပိုပြီး ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဆောင်ကျဉ်းလာနိုင်မှာ ဖြစ်တယ်။ ဒါအပြင် စီးပွားရေး အခွင့်အလမ်းသစ်တွေဖန်တီးပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုတွေ တိုးမြှင့်လာစေမှာလဲ ဖြစ်ပါတယ်” ဟု ပြောသည်။လိုအပ်သော လုပ်ငန်းစဉ်များ ပြည့်စုံပါက FTA က အသက်ဝင်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။FTA အား ၂၀၁၄ ခုနှစ် ဇူလိုင်လကတည်းက ဟောင်ကောင်နှင့် အာဆီယံအကြား ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117