Connect with us

Economy

မလေးရှားနိုင်ငံ အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူ ခွင့်ပြု ပမာဏအား ယွမ် ၅၀ ဘီလီယံ အထိ တရုတ်နိုင်ငံမှ တိုးမြှင့်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တရုတ်-မလေးရှား စီးပွားရေး အဆင့်မြင့် ဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်ပ ရင်းနှီးမြှုပ်နှံသူ အရည်အချင်း သတ်မှတ်ချက် အစီအစဉ် (RMB Qualified Foreign Institutional Investors=RQFII) အရ မလေးရှားနိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု ပမာဏအား ယွမ် ၅၀ ဘီလီယံ အထိ ခွင့်ပြု လိုက်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြား လိုက်သည်။

ဝန်ကြီးချုပ် အဖြစ် အရှေ့တောင် အာရှ နိုင်ငံ မလေးရှားသို့ ပထမဆုံး အကြိမ် တရားဝင် လာရောက်နေသည့် ဝန်ကြီး ချုပ် လီက မလေးရှားနိုင်ငံနှင့် ငွေကြေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေး အပြောင်းအလဲ များစွာ ပြုလုပ်ရန် တောင်းဆ ိုလိုက်ကြောင်း နှစ်နိုင်ငံ ဆိုင်ရာ စီးပွားရေး အဆင့်မြင့် ဖိုရမ်တွင် ပြောကြားလိုက်သည်။

ငွေကြေး ဈေးကွက် တည်ငြိမ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ငွေကြေး မတည်ငြိမ်မှုနှင့် စီးပွားရေး အခက်အခဲများအား ကိုင်တွယ်ရန် စသည်တို့ အပေါ် နှစ်နိုင်ငံလုံး ပူးတွဲ ကြိုးပမ်းကြရန် လီက ပြောသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် ဒေသတွင်း လိုအပ်ချက် ကြီးထွားလာမှုများသည် မလေးရှား လုပ်ငန်းများအတွက် စီးပွားရေး အခွင့်အလမ်းများ ဖော်ထုတ် နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီက မျှော်မှန်း ထားကြောင်း သိရသည်။

လာမည့် ငါးနှစ်တာ အတွင်း တရုတ်နိုင်ငံသည် ပြည်ပ သွင်းကုန် စုစုပေါင်း ဒေါ်လာ ၁၀ ထရီလီယံ ရှိလာနိုင်ရန် မျှော်လင့်ကြောင်း လီက မှတ်ချက် ပြုခဲ့သည်။

တရုတ် နိုင်ငံသည် လွန်ခဲ့သည့် ခုနှစ်နှစ်တာ အတွင်း မလေးရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သလို မလေးရှား နိုင်ငံသည်လည်း လက်ရှိ၌ အာဆီယံ နိုင်ငံများအတွင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၁၀၀ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117