Connect with us

Economy

မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နှင့်တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း မှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်သွားရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အရေးပါသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းသုံး လျှပ်စစ်မီတာသုံးစွဲရာတွင် သုံးစွဲသည့် ပမာဏအလိုက် မှန်ကန်မှုရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အရေးပါသည့် အခန်းကဏ္ဍ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အခွန်အခတိမ်းရှောင်မှုများ (tax evasion) သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့် အလားအလာများအားလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးသန့်စင်မောင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာရောဘတ်ချွာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.