Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်များ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု(Belt and Road Initiative) နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး


ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ ရပ်ဝန်း နှင့် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း (Myanmar Belt and Road Development Association ) နှင့် တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန် မြို့ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် အစိုးရ အဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကိုယ်စားလှယ်များ ၊ Myanmar Belt and Road Development Association ဂုဏ်ထူးဆောင်နာယက ဦးသိမ်းဝေ နှင့် ဥက္ကဋ္ဌ ဦးတင်ဦး ၊ Renaissance Institute ၏ အမှုဆောင် ဒါရိုက်တာ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း ၊ SSILR ဥက္ကဋ္ဌ မစ္စတာ လျိုကျင်းရှင်း (Mr. Liu Jinxin) ၊ မြန်မာ နိုင်ငံ စီးပွားရေး လုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သည် အခြားနိုင်ငံ များနှင့် မတူညီသည့် ဆွေမျိုးပေါက်ဖော် ညီအကို နိုင်ငံ များ ဖြစ်ကြကြောင်း ၊ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် နိုင်ငံ သည် ကာလ တစ်လျှောက် ခိုင်မြဲစွာ ရပ်တည်ပေးခဲ့ပြီး မိတ်ကောင်းဆွေကောင်း ပီသစွာ နေထိုင် ဆက်ဆံလာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကိစ္စရပ်များ ၊ ရခိုင်ပြည်နယ် အရေး နှင့် တိုင်းရင်းသား များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဆိုင်ရာ ကိစ္စရပ်များတွင်လည်း တရုတ် နိုင်ငံ အနေဖြင့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည့် ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်ရန် ရေစီးကြောင်း တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရာ လမ်းကြောင်း ကို လိုက်လံ လျှောက်လှမ်း ရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်နေ့ တွင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ကြီးများ နှင့် အတူ ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး တွင် သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံတော် အတွက် လမ်းပန်းဆက်သွယ်ရေး များ ပိုမို ကောင်းမွန်လာမည် ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများ ပွင့်လန်း လာမည် ဖြစ်ကြောင်း ၊ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ပေါများလာမည် ဖြစ်ပြီး ယဉ်ကျေးမှု ဆိုင်ရာ ၊ နည်းပညာ ပိုင်းဆိုင်ရာ နှင့် ခရီးသွား လုပ်ငန်းများလည်း တိုးတက်ဖွံ့ဖြိုးလာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

Renaissance Institute ၏ အမှုဆောင် ဒါရိုက်တာ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)

Myanmar Belt and Road Development Association ဥက္ကဋ္ဌ ဦးတင်ဦး က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) ဥက္ကဋ္ဌ မစ္စတာ လျိုကျင်းရှင်း (Mr. Liu Jinxin) အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

Myanmar Belt and Road Development Association ဂုဏ်ထူးဆောင်နာယက ဦးသိမ်းဝေ အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

Renaissance Institute ၏ အမှုဆောင် ဒါရိုက်တာ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အကောင်အထည် ဖော်ရန်အတွက် ညီအစ်ကိုမောင်နှမ များ အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ပွဲဖြစ်မြောက်ရေး အတွက် ကူညီဆောင်ရွက်ခဲ့သူများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

Myanmar Belt and Road Development Association ဥက္ကဋ္ဌ ဦးတင်ဦး က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ရာတွင် ဆွေးမျိုးပေါက်ဖော်ဟူသည့် စကားလုံးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ တွင်သာ အသုံးပြု နိုင်သည့် စကားလုံး တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်ရေး အသင်း အနေဖြင့် အဖွဲ့ဝင်များအား အတွေ့အကြုံများ နှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအား ပူးပေါင်းဆောင်ရွက်ရန် သန္နိဌာန် ချမှတ်ထားကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ တွင် အရေးကြုံလာသည့် အချိန်တိုင်း ရှေ့တွင် ရပ်တည်ပေးခဲ့သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ NGO အသင်း တစ်သင်း အနေဖြင့်လည်း အိမ်နီးချင်းကောင်း ပြီသစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

SSILR ဥက္ကဋ္ဌ မစ္စတာ လျိုကျင်းရှင်း က အမှာစကား ပြောကြားရာတွင် ယခုအကြိမ် မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့ပြီး ဖလှယ်မှုများ ဆောင်ရွက်သည့် ရည်ရွယ်ချက်မှာ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံတည်ဆောက်ရေး တို့ကို တွန်းအားပေး ဆောင်ရွက်ရန် ဖြစ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းဖြင့် ဆွေးနွေးမှု နှင့် ဖလှယ်မှုများ ပြုလုပ်ကာ မြန်မာ နိုင်ငံ ပြည်သူလူထု တို့အား တရုတ် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၏ အသီးအပွင့်များ ကို ပိုမိုကောင်းမွန်စွာ မျှဝေပေးသွားနိုင်မည် ဖြစ်ပြီး မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Myanmar Belt and Road Development Association ဂုဏ်ထူးဆောင်နာယက ဦးသိမ်းဝေ က အမှာစကား ပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် မြန်မာ နိုင်ငံ အတွက် လွန်စွာကောင်းမွန် သည့် စီးပွားရေး အခွင့်အလမ်းများ ကို သယ်ဆောင် လာပေးမည် ဖြစ်ပြီး အထူးသဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအား အတူတကွ ဆွေးနွေးခြင်း ၊ အတူတကွ တည်ဆောက်ခြင်း နှင့် အတူတကွ အကျိုးကျေးဇူး ကို မျှဝေ ခံစားခြင်း တို့သည့် မြန်မာ နိုင်ငံ စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဖွံ့ဖြိုးတိုးတက်ရန် အတွေ့အကြုံများကို မြန်မာ နိုင်ငံ အား မျှဝေပေးသွားလိုပြီး အတူတကွ ကြိုးပမ်း အားထုတ်မှုဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား အကောင်အထည် ဖော်သွား လိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် Myanmar Belt and Road Development Association နှင့် တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) တို့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ ညီချက် စာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

မြန်မာ ရပ်ဝန်း နှင့် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း (Myanmar Belt and Road Development Association ) သည် အငြိမ်းစား တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ၊ မြန်မာ နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကြီးများ နှင့် တရုတ် နိုင်ငံ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက် တွင် စတင် တည်ထောင် ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.