Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မြန်မာနိုင်ငံအနေ နှင့် အာဆီယံဘဏ်လုပ်ငန်းများပေါင်းစည်းရေး လုပ်ငန်းစဉ် အတွက် ပဏာမဆွေးနွေးမှုစတင် - Xinhua News Agency
Connect with us

Economy

မြန်မာနိုင်ငံအနေ နှင့် အာဆီယံဘဏ်လုပ်ငန်းများပေါင်းစည်းရေး လုပ်ငန်းစဉ် အတွက် ပဏာမဆွေးနွေးမှုစတင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေ နှင့် အာဆီယံဘဏ်လုပ်ငန်းများပေါင်းစည်းရေး လုပ်ငန်းစဉ် အတွက် ပဏာမဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေး မူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ၂ဝ၂၅ ခုနှစ်၊ အာဆီယံစီးပွားရေးအသိုက် အဝန်းပုံစံ (ASEAN Economic Community Blueprint 2025)လမ်းပြ မြေပုံပါ ၂ဝ၂၅ ခုနှစ်၊ အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေး အတွက် ငွေရေးကြေးရေးကဏ္ဍပေါင်းစည်းရေး၊ ငွေရေးကြေးရေးကဏ္ဍမှာ အားလုံး ပါဝင်ရေး နှင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးစသည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဘဏ်လုပ်ငန်းပေါင်းစည်းမှုကို အထောက်အကူဖြစ်စေရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အရည်အချင်းမီ အာဆီယံဘဏ်များအား အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်လုပ်ကိုင် ခွင့်ပြုသည့် အခါတွင် အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင်၏ လမ်းညွှန် ချက်အရ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

၎င်းတာဝန်ရှိသူကပင် “အာဆီယံဘဏ်လုပ်ငန်းများပေါင်းစည်းရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအဆင့် (Bilateral Stage) နဲ့ အာဆီယံနိုင်ငံစုံအဆင့် (Multilateral Stage)တို့နဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ထိုင်းဗဟိုဘဏ်၊ ဗီယက်နမ်ဗဟိုဘဏ်တို့နဲ့ ပဏာမဆွေးနွေးမှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။’’ ပြောသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများတွင် အာဆီယံဒေသတွင်းဘဏ်ခွဲအနေနှင့် စင်ကာပူနိုင်ငံမှ ဘဏ်နှစ်ခု၊ ဗီယက်နမ် နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံအပါအဝင် စုစုပေါင်းဘဏ်ငါးခု ရှိကြောင်း၊ လတ်တလောတွင် whole sale banking သာလုပ်ကိုင်ခွင့်ပြုထားကြောင်း ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းကြီးများ နှင့် ပြည်တွင်းဘဏ် များအတွက်သာ ဝန်ဆောင်မှုပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.