Connect with us

Economy

၅၉ ကြိမ်မြောက် Bangkok Gems & Jewellery Fair 2017 ပွဲသို့ ပြသနိုင်ရန်ဖိတ်ကြား

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ IMPACT တွင်ကျင်းပမည့် ၅၉ ကြိမ်မြောက် Bangkok Gems & Jewellery Fair 2017 ပြပွဲကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ(၂၆)ရက်နေ့ထိ(၅)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ပြပွဲသို့ ပါဝင်ပြသနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ သတင်းထုတ်ပြန်သည်။

အဆိုပါပြပွဲသို့ သွားရောက်လိုသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဝင်/အသင်းသားများထံမှ ပြည်ပကုန်စည်ပြပွဲသွားရောက်ခွင့်လျှောက်လွှာများ ကြိုတင်လက်ခံပြီး ဆောင်ရွက်ရန်ရှိသည်များ ကြိုတင်ဆောင်ရွက်ထားရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံးခွဲ(မန္တလေး/မိုးကုတ်/မြစ်ကြီးနား/ဖားကန့်/စစ်ကိုင်း/ရန်ကုန်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးတို့မှ အထက်ပါပြပွဲသို့ပါဝင်ပြသနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.