Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မြန်မာ့ ကျွဲကောသီး များကို အာဆီယံ နှင့် နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက် တင်ပို့သွားမည် - Xinhua News Agency
Connect with us

Economy

မြန်မာ့ ကျွဲကောသီး များကို အာဆီယံ နှင့် နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက် တင်ပို့သွားမည်

ကျွဲကောသီးပင်များအားတွေ့ရစဉ် (ဓာတ်ပုံ-- GAP)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (GAP) မှ ထွက်ရှိသည့် မြန်မာ့ ကျွဲကောသီး များကို အာဆီယံ နှင့် နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက် တင်ပို့သွားမည် ဖြစ်ကြောင်း JIZ-SAFT (Standards in The Southeast ASIAN Food Trade) မှ သတင်းထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းကို JIZ-SAFT မှ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် မွန်ပြည်နယ်ရှိ အိုးဝေ၊ မြင့်၊ သန္တာမြိုင်၊ ဝေထွန်း စသည့် သစ်သီးခြံ များနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၏ ကြီးကြပ်မှုဖြင့် သဘောတူ စာချုပ်အား စက်တင်ဘာလ တတိယပတ်က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း ကာလမှာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ လအထိ ဖြစ်ပြီး မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် စီမံကိန်းဆိုင်ရာ သတင်း အချက်အလက် များနှင့် GAP နည်းပညာ များအား ကျွဲကောသီး အစုအဖွဲ့သို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် JIZ-SAFT မှ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အစားအစာ စံချိန်စံညွှန်း ဆိုင်ရာ နည်းပညာများ အသုံးပြု၍ စီမံကိန်း ထွက်ကုန်များကို ပြည်ပဈေးကွက် များသို့ တင်ပို့ပေး သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.