Connect with us

Economy

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တွင် East Economic Forum တက်ရောက်လိုသူများ စာရင်းပေးနိုင်

East Economic Forum ၂၀၁၅ ကျင်းပသည့် နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလဒီဗော့စတော့ခ်မြို့ Vladivostokမြို့တွင် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှ (၃)ရက်နေ့ အထိကျင်းပပြုလုပ်မည့် East Economic Forum အခမ်းအနားသို့ မြန်မာနိုင်ငံမှသက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါစာတွင် စီးပွားရေးစကားဝိုင်းများအစီအစဉ်တွင် ရုရှား-တရုတ်၊ ရုရှား-ကိုရီးယား၊ ရုရှား-အာဆီယံ နှင့် ရုရှား-ဂျပန်စကားဝိုင်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရုရှား-အာဆီယံ ခေါင်းစဉ် အောက်တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ဆွေးနွေးလိုပါက ကြိုတင်အကြောင်းကြား စေလိုပါကြောင်း၊ ဖိုရမ်ကာလအတွင်း မြန်မာ နိုင်ငံ၏ထွက်ကုန်များနှင့်စီးပွားရေးလုပ်ငန်းများအား ပြခန်းဖွင့်လှစ်ပြသလိုပါကလည်း ကြိုတင်အကြောင်းကြား စေလိုပါကြောင်း၊ မြန်မာနိုင်ငံမှ တက်ရောက်လာသည့်ကိုယ်စားလှယ်များ/ကုမ္ပဏီများမှ Vladivostok မြို့တော်ဝန် (သို့မဟုတ်)တာဝန်ရှိသူများနှင့်တွေ့ဆုံလိုပါက စီစဉ်ပေးမည်ဖြစ်ပါကြောင်းစသည်ဖြင့် ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ တက်ရောက်လိုသော (သို့မဟုတ်) ပြခန်းဖွင့်လှစ်ပြသလိုသော စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက အသင်းချုပ်ပြပွဲဌာနစိတ် Phone:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ Mobile:၀၉-၄၅၀၂၀၀ ၃၅၀၊ E-mail:[email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.