Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
AEC စီမံကိန်း ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီးစီး ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား - Xinhua News Agency
Connect with us

Economy

AEC စီမံကိန်း ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီးစီး ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) အား တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economic Community=AEC) အကောင်အထည် ဖော်ခြင်းသည် ၉၂.၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က ထုတ်ဖော် ပြောကြားလိုက်သည်။

ငွေကြေး ဈေးနှုန်းများ လျော့ကျခြင်း၊ ကမ္ဘာ့ ရေနံဈေးနှုန်းများ ပြုတ်ကျခြင်း အစရှိသဖြင့် အေအီးစီကို ထိခိုက်မှု ရှိစေမည့် အကြောင်းအရာများ ရှိနေသော်လည်း အေအီးစီ စီမံချက်မှာ ချီးကျူးဖွယ် ကောင်းလောက်အောင် ၉၂.၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း နာဂျစ်၏ ပြောကြားချက်အား ကိုးကား၍ ပြည်တွင်း မီဒီယာများက ဖော်ပြ ထားသည်။

ဆောင်ရွက်မှုပေါင်း ၄၆၉ ခုအား အကောင်အထည် ဖော်ပြီးဖြစ်သလို ၃၇ ခုမှာ လုပ်ဆောင်နေဆဲ ဖြစ်၍ အချို့ ကို လာမည့်နှစ် အစောပိုင်းတွင် ဦးစားပေး အခြေခံအဆင့်အဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ နိုင်ငံများမှ ၂၀၀၇ ခုနှစ်တွင် လက်ခံခဲ့ပြီး ဒေသတွင်း စီးပွားရေး ပေါင်းစည်းရေး ရည်မှန်းချက်အဖြစ် အေအီးစီအား ယခုနှစ် ဒီဇင်ဘာလတွင် ဖော်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်ကို AEC အကောင်အထည် ဖေါ်ရန် နောက်ဆုံးအချိန် (Dead Line) အဖြစ် သတ်မှတ် ထားသော်လည်း တချို့ ကြီးကျယ်သော ကိစ္စရပ်များကမူ အနည်းငယ် လွဲချော်ကောင်း လွဲချော်နိုင်မည် ဟု ဆိုသည်။

“အချို့ကိစ္စတွေကတော့ Dead Line မမီတာမျိုး ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့ အားလုံးကတော့ အခိုင်အမာ ရှေ့ဆက်သွားမှာပဲ” ဟု နာဂျစ်ကပြောသည်။

အာဆီယံခေါင်းဆောင်များ စုပေါင်း၍ အေအီးစီသည် ဒေသတွင်း အတွက် အကျိုးကျေးဇူး ရှိနိုင်မည့် AEC 2015 စီမံကိန်းအား အာဆီယံနိုင်ငံများမှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်တွေ့ပြသရန် စီစဉ်ထားကြောင်း မလေး ရှားဝန်ကြီးချုပ်က ပြောသည်။

အာဆီယံ ခေါင်းဆောင်များသည် နိုဝင်ဘာလ ၂၂ ရက်တွင် မလေးရှား နိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်း ကွာလာလမ်ပူ ကြေညာ စာတမ်း အား လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ (Xinhua)