Connect with us

Economy

အာဆီယံ စီးပွားရေး အသိုက် အဝန်း အကောက်ခွန် ဖြေလျှော့မှု လုပ်ငန်း များကို ယခုနှစ်ကုန်တွင် ၉၃ ရာခိုင်နှုန်း အထိ လုပ်ဆောင်သွားမည်

အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများ လေဆိပ်တွင် ပစ္စည်းများ စစ်ဆေးနေစဉ် (ဓာတ်ပုံ- အကောက်ခွန် ဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အာဆီယံ စီးပွားရေး အသိုက် အဝန်း အကောင်အထည် ဖော်မှု၏ အဓိက လုပ်ငန်းစဉ် ဖြစ်သည့် အကောက်ခွန် ဖြေလျှော့မှု လုပ်ငန်း များကို ယခုနှစ်ကုန်တွင် ၉၃ ရာခိုင် နှုန်းအထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

လာမည့် နှစ်နှစ်အတွင်း အကောက်ခွန်နှင့် ပတ်သက်သည့် ဖြေလျှော့ပေးသော ဆောင်ရွက်မှု အပိုင်းများကို ရာခိုင်နှုန်းပြည့် ဆောင်ရွက်လာနိုင်မည်ဖြစ်ရာ အာဆီယံ နိုင်ငံများနှင့် တူညီစွာ လုပ်ဆောင်ရမည့် စီးပွားရေး အသိုက်အဝန်းကြီး ထဲတွင် အဓိက လုပ်ငန်းစဉ်ဖြစ်သည့် အခွန်နှုန်းထား ဖြေလျှော့မှုအား လျှင်မြန်စွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

အကောက်ခွန် ဖြေလျှော့မှု ဆိုင်ရာ လုပ်ငန်းများနှင့် အကောက်ခွန် မဟုတ်သော အတားအဆီးများ စိစစ်မှု ဆိုင်ရာ လုပ်ငန်းများကို တိုးတက်မှု အဆင့်အမှတ် (၆၀) ကျော် အထိ ဆောင်ရွက်ထားပြီး ဖြစ်ကာ အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်မှု ပေးထားချက်များကို ယခုနှစ်ကုန်တွင် ၉၃ ရာခိုင်နှုန်း အထိ အကောင်အထည် ဖော်သွားနိုင်မည် ဖြစ်ပြီး ကျန်ရှိသည့် ၇ ရာခိုင်နှုန်းကို တစ်ဆင့်ချင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ စီးပွားရေး အသိုက် အဝန်း အကောင်အထည် ဖော်မှု အတွက် မြန်မာနိုင်ငံရှိ အကောက်ခွန် ဖြေလျှော့မှု ဆိုင်ရာ လုပ်ငန်းများနှင့် ဥပဒေရေးဆွဲ အတည်ပြုမှု ဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ရန် ကျန်ရှိနေပြီး အသေးစိတ် လုပ်ဆောင်ရန် လုပ်ငန်းများ ကျန်ရှိ နေသေးကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117