Economy
ASEAN Trade Fair 2016 ပြပွဲများအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ASEAN Trade Fair 2016 ပြပွဲများအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ (၁၂) ရက်ထိ (၃) ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်သည်။
အဆိုပါ ပြပွဲသို့ သွားရောက်လိုသည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဝင်/အသင်းသားများထံမှ ပြည်ပကုန်စည်ပြပွဲ သွားရောက်ခွင့် လျှောက်လွှာများ ကြိုတင် လက်ခံပြီး ဆောင်ရွက်ရန် ရှိသည်များ ကြိုတင် ဆောင်ရွက်ထားရှိနိုင်ရန် အတွက် ရန်ကုန်မြို့ မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် အသင်းရုံးခွဲ (မန္တလေး၊ မိုးကုတ်၊ ဖားကန့်၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရန်ကုန်) တို့မှ အထက်ပါ ပြပွဲသို့ ပါဝင် ပြသနိုင်ကြောင်းနှင့် ပြပွဲသို့ သွားရောက်လိုသည့် အသင်းဝင်/အသင်းသားများ အနေဖြင့် အချိန်မီ ပြန်လည် တင်ပြနိုင်ရန် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၁၆ ခုနှစ် ၊ ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရမည် ဖြစ်ကြောင်း၊ နောက်ကျသည့် လျှောက်လွှာများအား လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)