Connect with us

Economy

ဗီယက်နမ် လေကြောင်းလိုင်း Vietjet မှ အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံ တန်ဖိုးရှိ အင်ဂျင်ပိုင်းဆိုင်ရာ သဘော တူညီချက် စာချုပ်အား Pratt&Whitney ကုမ္ပဏီ နှင့် ချုပ်ဆို

Vietjet ၏ ဒုတိယဥက္ကဌ To Viet Thang (ညာဘက်မှဒုတိယ) နှင့် Airbus မှ ကိုယ်စားလှယ် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံVietjet)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာပြည်မှ ခရီးသွားပြည်သူများလေယာဉ်ခရီးစဉ်တွင် ပိုမို လုံခြုံစိတ်ချမှု ရှိစေရန် ရည်ရွယ်၍ ဗီယက်နမ် လေကြောင်းလိုင်း Vietjet မှ အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံ တန်ဖိုးရှိ အင်ဂျင်ပိုင်းဆိုင်ရာ သဘော တူညီချက် စာချုပ်အား Pratt&Whitney ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗီယက်နမ် လေကြောင်းလိုင်း Vietjet မှ A320neo နှင့် A321neo အမျိုးအစားလေယာဉ်များ၏ အင်ဂျင်ပါဝါပိုမို မြင့်မားစေရန် PurePower Geared Turbofan™ (GTF) အင်ဂျင်သုံးစွဲရန် United Technologies Corporation မှ Pratt & Whitney ကုမ္ဗဏီနှင့် သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Vietjet ၏ အကြီးအကဲ နှင့် အမှုဆောင်အရာရှိချုပ် Nguyen Thi Phuong Thao (အလယ်၊ဘယ်) မှ GTF engine အတွက် Pratt & Whitney မှ ကိုယ်စားလှယ်နှင့်အတူ သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ Vietjet)

ဗီယက်နမ်၏ ပို့ဆောင်ရေးဒုတိယဝန်ကြီး Nguyen Nhat (ညာဘက်မှ ခြောက်ယောက်မြောက်)မှ Vietjet နှင့် SR Technics တို့သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးခြင်းကို သက်သေအဖြစ်ကြည့်ရှုနေစဉ် (ဓါတ်ပုံ Vietjet)

ထို့အတူ Vietjet သည် A320/A321 လေကြောင်းနှင့် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းကျောင်း တစ်ခုကို ဟိုချီမင်းမြို့တွင် တည်ထောင်ရန် Airbus နှင့် လည်းကောင်း၊ အစိတ်အပိုင်းများနှင့် ပြင်ဆင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ အတွက် ဆွစ်ဇာလန်ကုမ္ပဏီ SR Technics နှင့်လည်းကောင်း ဖေဖော်ဝါရီလ ၁၇ ရက် တွင် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.