Connect with us

Economy

အာရှ-ပစိဖိတ် ဒေသတွင်း ကုန်ပစ္စည်းများ အတုပြု လုပ်ခြင်းနှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း အတွက် အရေးယူ ဆောင်ရွက်မည်

အာရှ-ပစိဖိတ် ဒေသတွင်း ကုန်ပစ္စည်းများ အတုပြု လုပ်ခြင်းနှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း အတွက် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကြေညာချက် အားတွေ့ရစဉ် (ဓာတ်ပုံ-UMFCCI)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် ဒေသတွင်း ကုန်ပစ္စည်းများ အတုပြု လုပ်ခြင်းနှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း အတွက် အရေးယူ ဆောင်ရွက်ရန် ပိုးသတ်ဆေးများ၊ ဆေးဝါးများ၊ အလှကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်ယန္တရား အပိုပစ္စည်းများ စုစုပေါင်း (၅) မျိုးအား ရွေးချယ် သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည် စက်မှုလက်မှု အသင်းချုပ်မှ ကြေညာချက် ထုတ်ပြန်သည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် ဆေးဝါးများ၊ မြန်မာ့ စက်မှုဆိပ်ကမ်းတွင် အလှကုန် ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ဖြစ်ကြောင်း၊ ကုန်ပစ္စည်း အတုများ စစ်ဆေး ဆောင်ရွက်မည့် Action IPR အား ဆောင်ရွက်ရာတွင် အကောက်ခွန် ဦးစီး ဌာနနှင့် အခြား ဆက်စပ်ဌာနများ ဖြစ်သည့် ကုန်သွယ်ရေး ညွှန်ကြားမှုှု ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦး စီးဌာန တို့မှ အရာထမ်းများဖြင့် စစ်ဆေးရေး အဖွဲ့များ ပူးပေါင်း ဖွဲ့စည်းစစ်ဆေး သွားမည် ဖြစ်ပြီး ကုန်ပစ္စည်း အတုအပ ပစ္စည်းများ ဖမ်းဆီး ရမိပါက တည်ဆဲ ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေ အရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ အတု ပြုလုပ်ခြင်းနှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း အတွက် ပူးပေါင်း စစ်ဆေးမည့် ကိစ္စအား ကုမ္ပဏီများ သိသာရန် အသိပေး အကြောင်းကြားခြင်း ဖြစ်ကြောင်း ၎င်းကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117