Politics & Security
အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေကြီး၊မြေပြိုမှုကြောင့် ၂၄ ဦးသေ ၊ ၂၆ ဦးပျောက်ဆုံးနေ

ဂျကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦးသေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဇွန်၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
သေဆုံးသူအများစုသည် Purworejo၊ Banjarnegara ၊ Kebumen နှင့် Sutopo Purwo Nugroho ခရိုင်အသီးသီးမှ ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီ ကဆိုသည်။
ထို့ပြင် ရေကြီးမြေပြိုမှုကြောင့် လူနေအိမ် ဒါဇင်ပေါင်းများစွာလည်း ပျက်စီးသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။(Xinhua)