Connect with us

Politics & Security

အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေကြီး၊မြေပြိုမှုကြောင့် ၂၄ ဦးသေ ၊ ၂၆ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်း၌ ၂ဝ၁၆ ခုနှစ် မေလ က ရေကြီးမှုဖြစ်ပွားရာတွင် ကယ်ဆယ်ရေးအဖွဲ့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦးသေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဇွန်၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

သေဆုံးသူအများစုသည် Purworejo၊ Banjarnegara ၊ Kebumen နှင့် Sutopo Purwo Nugroho ခရိုင်အသီးသီးမှ ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီ ကဆိုသည်။

ထို့ပြင် ရေကြီးမြေပြိုမှုကြောင့် လူနေအိမ် ဒါဇင်ပေါင်းများစွာလည်း ပျက်စီးသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။(Xinhua)