Politics & Security
အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁၄/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ ၁၄း၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော် သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၃) ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း နှင့် ပူးပေါင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် AIPA Ad-Hoc Working Group တွင် ပါဝင်ရန် မြန်မာလွှတ်တော်မှ အမည်စာရင်း ပေးပို့ရေးကိစ္စနှင့် ဘင်းမ်စတက်ပါလီမန်ဖိုရမ် တည်ထောင်ရေး အဆိုပြုချက်အပေါ် သဘောထားမှတ်ချက် ပြန်ကြားပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ (Xinhua)