Connect with us

Politics & Security

၅ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများ စင်ကာပူ၌ ကျင်းပ

အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) ဝန်ကြီးများ၏ အစည်းအဝေး(ADMM)- (+) ဆက်စပ်အစည်းအဝေးကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂ဝ ရက်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Wei Fenghe လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ အပါအဝင် အာဆီယံ၏ မိတ်ဖက် ၈ နိုင်ငံ ( ASEAN+8) ဖြစ်သည့် သြစတြေးလျ ၊ တရုတ် ၊ အိန္ဒိယ ၊ ဂျပန် ၊ နယူးဇီလန် ၊ တောင်ကိုရီးယား ၊ ရုရှား နှင့် အမေရိကန်နိုင်ငံ တို့လည်းပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုနှစ်အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် စင်ကာပူနိုင်ငံက ဦးဆောင်ပြီး ၎င်းအစည်းအဝေးတွင် စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Ng Eng Hen က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၅ ကြိမ်မြောက် ADMM+ ကာကွယ်ရေးဝန်ကြီးများသည် အချုပ်အခြာအာဏာခြိမ်းခြောက်မှုအား တန်ပြန်ခြင်း နှင့် ကြိုတင်ကာကွယ်ခြင်း ၊ လက်တွေ့ကျသော ယုံကြည်မှုတည်ဆောက်ခြင်း ဟူသည့် အရေးကိစ္စ ၂ ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ဆက်စပ်အစည်းအဝေးအဖြစ် တရုတ်ကာကွယ်ရေးဝန်ကြီး Wei သည် စင်ကာပူ ၊ အမေရိကန် ၊ လာအို ၊ နယူးဇီလန် ၊ ထိုင်း ၊ ဂျပန် ၊ သြစတြေးလျ နှင့် ကိုရီးယား နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ နှင့် သီးခြားစီတွေ့ဆုံ၍ ဘုံစိုးရိမ်နေရသည့်အရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

သတင်းအပြည့်အစုံဖတ် / Link – http://www.xinhuanet.com/english/2018-10/20/c_137547222.htm