Connect with us

Politics & Security

၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမြင်ကွင်း (ဆင်ဟွာ)

ကွာလာလမ်ပူ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အန်နီဖာ့ အေမန်၏ ဖိတ်ကြားချက်ဖြင့် မလေးရှားနိုင်ငံသို့ သြဂုတ်လ ၄ ရက် ရောက်ရှိခဲ့ပြီး သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ရှိကြောင်း သိရသည်။

၄၈ ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား အင်္ဂါနေ့တွင် စတင်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် တရုတ်၊ အမေရိကန် စသော အာဆီယံ ဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိပါသည်။နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖြစ်သည့် ၁၆ ကြိမ်မြောက် အာဆီယံ အပေါင်း သုံး (ASEAN Plus Three) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ငါးကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ ထိပ်သီး အစည်းအဝေး နှင့် ၂၂ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ များ ပြုလုပ် သွားမည်ဖြစ်သည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဆွေးနွေးပွဲ များ သ့ို ပါဝင် တက်ရောက် ကြမည်ဖြစ်သည်။အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်း နှင့် အာဆီယံ အသိုက်အဝန်း၏ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များ တိုးတက်မှု အခြေအနေများ ကိုလည်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးရန် ရှိကြောင်း သိရသည်။

ဆွေးနွေးဖက် နိုင်ငံများနှင့် ဆွေးနွေးပွဲတွင် အပြန်အလှန်ဆွေး နွေးခြင်း လက်ရှိ အနေအထားနှင့် အနာဂတ် ဦးတည်ချက် အကြောင်း အဓိကထား ဆွေးနွေးကြမည် ဖြစ်ပြီး ပါဝင်သူများ ကလည်း နိုင်ငံတကာနှင့် ဒေသတွင်း အတွေ့အကြုံများအား ဆွေးနွေး ကြမည်ဖြစ်သည်။

၁၆ ကြိမ်မြောက် အာဆီယံ အပေါင်း သုံး (ASEAN Plus Three) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကိုတော့ သြဂုတ်လ ၆ ရက်နေ့တွင် ပြုလုပ်ရန်ရှိပြီး အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ က အချောသတ် နိုင်ရေး နှင့် အာဆီယံ စြင်္ကမဟာစီမံကိန်း အောက်ရှိ စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်မှု များ အစရှိသည် တို့ကို ဆွေးနွေးမည်ဖြစ်သည်။

အာဆီယံကို ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံ ဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.