Connect with us

Politics & Security

လေးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး အရှိန်တိုးမြှင့်ရန် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ထိပ်သီးအစည်းအဝေးတွင် သဘောတူ

နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အာဆီယံ အတွင်းရေးမှုးချုပ် နှင့် ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ် နိုင်ငံ တို့မှ ၀န်ကြီးချုပ်များ(ဆင်ဟွာ)

ရန်ကုန်၊ဇွန်၂၂ရက်(ဆင်ဟွာ)

စီအယ်လ်အမ်ဗွီ (ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်) နိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်မှု ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအား တိုးမြှင့်ရေးကိစ္စများကို အကောင်အထည် ဖော်ဆောင်ရွက်ရေး အတွက် ယနေ့ကျင်းပသည့် ၇ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် ကလည်း စီအယ်လ်အမ်ဗွီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၊လာအိုဈ ဗီယက်နမ် နိုင်ငံ တို့မှ ဝန်ကြီးချုပ်များ နှင့် အာဆီယံ အတွင်းရေးမှုးချုပ်လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

လေးနိုင်ငံကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောက်ရွက်ရေး နယ်စပ်ဂိတ်များ တိုးချ့ဲရန် သဘောတူညီခဲ့ကြသည်။ အဆိုပါ နယ်စပ်ဂိတ်များအားတစ်ကြိမ်တည်း အပြီးအစီး စစ်ဆေးရေး (One Stop Service) ပေါ်ထွန်းလာစေရေးအတွက် စီအယ်လ်အမ်ဗွီ နိုင်ငံများ အကြားရှိ အလားအလာရှိသော အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ တိုးချဲ့ဖောက်လုပ်ရန် သဘောတူခဲ့ကြောင်း ပူးတွဲကြေညာချက် ထဲတွင်ပါရှိသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် က စီအယ်လ်အမ်ဗွီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

စီအယ်လ်အမ်ဗွီ အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

အာဆီယံ အသိုက်အဝန်းလမ်းပြမြေပုံ နှင့် အာဆီယံ အချိတ်အဆက် အထူးစီမံချက်အား အသုံးချနိုင်ရေး အပါအဝင် အာဆီယံပေါင်းစည်းရေး အားထုတ်မှုများ မြှင့်တင်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် တစ်ဦး နှင့်တစ်ဦး အပြန်အလှန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကတိများအား ယခု အစည်းအဝေးတွင် ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း သဘောတူညီခဲ့ကြပြီး စီးပွါးရေးစြင်္က ံများ (အထူးသဖြင့် မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ စီးပွါးရေးစြင်္က ံများ) အား အကောင်းဆုံး အသုံးချနိုင်ရေး၊ စီအယ်လ်အမ်ဗွီ နိုင်ငံများကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး သဘောတူချက်၊ အာဆီယံ ပြတင်းတစ်ပေါက်စနစ်၊ စီအယ်လ်အမ်ဗွီ နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် အခြားသော ၂နိုင်ငံ နှင့် နိုင်ငံစုံသဘောတူညီချက်များ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်သွားရန် ကိစ္စအပါအဝင် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအားလည်း သဘောတူညီခဲ့ကြသည်။

စိုက်ပျိုးရေး၊စက်မှု၊စွမ်းအင် နှင့် ဆက်သွယ်ရေးကဏ္ဍ ၊ သတင်းအချက်အလက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဈ အသေးစားအလတ်စား လုပ်ငန်းများ ဖ့ွံဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ အမျိုးမျိုး၊ သဘာဝလောင်စာဆီ နှင့် ဓါတ်ငွေ့ရှာဖွေရေး၊ စက်မှု နှင့်စွမ်းအင်ကဏ္ဍများတွင် သတင်းအချက်အလက်များ ဖလှယ်ရန်၊ မဟာလျှပ်စစ်ဓါတ်အားလိုင်းများ ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေး သဘောတူညီခဲ့ကြကြောင်း ပူးတွဲ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

စီအယ်လ်အမ်ဗွီ နိုင်ငံများ အကြား ၂၀၁၄ ခုနှစ်တွင် စီအယ်လ်အမ်ဗွီ နိုင်ငံများသို့ ခရီးသွားဧည့်သည် ဝင်ရောကမှု ၁၉.၆ သန်းကျော်ရှိပြီး၊ ၁၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စီအယ်လ်အမ်ဗွီ နိုင်ငံများကြား ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ အား သဘောတူညီခဲ့ပြီး၊ စီအယ်လ်အမ်ဗွီခရီးသွားလာရေး ဝန်ကြီးများ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

၈ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးအား ဗီယက်နမ်နိုင်ငံတွင် ကျင်းပရန် လက်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.