Connect with us

Social & Culture

အာဆီယံလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့မှ ASEAN-OSHNET AWARD ဆုကို ချီးမြှင့်မည်

ASEAN-OSHNET AWARD ဆု အကြောင်း ရှင်းလင်းပွဲ (ဓာတ်ပုံ-Fgllid OSH Promo Facebook)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အာဆီယံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့မှ ASEAN-OSHNET AWARD ဆု ကို ချီးမြှင့်မည် ဖြစ်ကြောင်း အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ရွေးချယ်ရေး အဖွဲ့မှ သတင်း ရရှိသည်။

အာဆီယံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အခြေအနေကောင်းများ ဖန်တီးထားသည့် စက်ရုံ၊ အလုပ်ရုံများ၏ စွမ်းဆောင်ချက်များအပေါ် အကဲဖြတ် ဆန်းစစ်ပြီး အသိအမှတ်ပြု ချီးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့ ASEAN-OSHNET အနေဖြင့် ASEAN-OSHNET Excellence Award နှင့် Best Practices Award ဆုများအား ၂၀၁၆ ခုနှစ် မေလတွင် ဗီယက်နမ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကျန်းမာရေး ညီလာခံတွင် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိမှု ပုံရိပ်အား မြှင့်တင် ပေးနိုင်ရန်အတွက် အာဆီယံ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့မှ ချီးမြှင့်မည့် ဆုများ အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ် လျှောက်လွှာပုံစံ၊ လုပ်ငန်းခွင် အန္တရာယ်ကင်း ရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာမှတ်တမ်း၊ ဆုရွေးချယ်ရေး လုပ်ငန်းစဉ်၊ အချိန်ဇယားတို့အား ဦးဥက္ကာသိန်း ၊ ဒုတိယညွှန်ကြားရေးမှူး၊ အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေစစ်ရေး ဦးစီးဌာန ဖုန်း-၀၁-၆၅၀၂၉၅ ကိုသော်လည်းကောင်း၊ တိုင်းဒေသကြီး ရုံးများ၌ဖြစ်စေ၊ Fgllid OSH Promo Facebook စာမျက်နှာတွင်လည်းကောင်း လျှောက်လွှာရယူ၍ စာရင်း ပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.