Connect with us

Social & Culture

အာဆီယံ ပြည်သူ့ဂုဏ်ပြုဆု မြန်မာနိုင်ငံမှ ရရှိ

အာဆီယံ ပြည်သူ့ ဂုဏ်ပြုဆု လိုဂိုတံဆိပ် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ- asean.org)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဆီယံ ပြည်သူ့ ဂုဏ်ပြုဆု (ASEAN People’s Award) ကို မြန်မာနိုင်ငံ မှ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆုသည် အာဆီယံ အသိုက်အဝန်း (AEC) တည်ထောင်ရေး အတွက် တက်ကြွစွာ ကြိုးပမ်းပါဝင် ခဲ့သည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ် ချီးမြှင့်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ ပါရမီ စားပွဲဝိုင်း အဖွဲ့မှ ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပါရမီစားပွဲဝိုင်း အဖွဲ့သည် နိုင်ငံတစ်ဝန်း ရှိ မြို့ကြီးများနှင့် နယ်မြို့များတွင် အလုပ်ရုံ ဆွေးနွေးပွဲ ၁၆ ပွဲနှင့် အသိပညာ ဖြန့်ဝေခြင်း တို့ကို နေရာအနှံ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ASEAN People’s Award ဆုအတွက် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် သုံးဦးနှင့် အဖွဲ့အစည်း ငါးခု လျှောက်ထားခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ချီးမြှင့် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပါရမီ စားပွဲဝိုင်း အဖွဲ့အပြင် စင်ကာပူ နိုင်ငံမှ Polytechnic နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Union of Youth Federations of Cambodia တို့လည်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.