Connect with us

China

အမေရိကန်မှ ဘိုးရင်း လေယာဉ်အစီး (၃၀၀) ဝယ်ယူရန် တရုတ်ကုမ္ပဏီများ လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ ဘိုးရင်းကုမ္ပဏီထုတ် လေယာဉ် တစ်စီး (ဆင်ဟွာ)

စီယက်တယ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် ကုမ္ပဏီများ အုပ်စုသည် အမေရိကန် ဘိုးရင်း လေယာဉ်ပျံ ထုတ်လုပ်ရေးကုမ္ပဏီမှ ဘိုးရင်း လေယာဉ်အစီး (၃၀၀) ဝယ်ယူရန် စာချုပ်တစ်ရပ်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် စတင်သည့် အင်္ဂါနေ့၌ စီယက်တယ်မြို့တွင် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

စာချုပ်ချုပ် ဆိုရာတွင် China Aviation Supplies Holding Company, ICBC Financial Leasing Co., Ltd., and China Development Bank Leasing တို့နှင့် အမေရိကန် ဘိုးရင်း ကုမ္ပဏီတို့ ချုပ်ဆို ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် Commercial Aircraft Corporation of China Ltd.မှလည်း တရုတ်နိုင်ငံ၌ ၇၃၇ လေယာဉ်များ တပ်ဆင် ထုတ်လုပ်ရေး စင်တာတစ်ခုကို တည်ဆောက်ရန် အတွက် ဘိုးရင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့သည်။

National Development and Reform Commission (NDRC) of China သည် ပြည်တွင်း လေကြောင်း ကဏ္ဍတွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရန် အတွက် အမေရိကန် ဘိုးရင်း လေယာဉ်ပျံ ထုတ်လုပ်ရေး ကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)