China
ဇန်နဝါရီလတွင် တရုတ်နိုင်ငံ အိမ်ဈေးနှုန်းများ ကျဆင်း
																								
												
												
											ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် ကျဆင်းနေပြီး တစ်လချင်း မှတ်ပုံတင်ထားသည့် အိမ်အသစ် ဈေးနှုန်းများလည်း ကျဆင်းနေကြောင်း မြို့များကို စမ်းစစ် လေ့လာချက်များအရ သိရသည်။
အိမ်အကြီးနှင့် အလယ်အလတ် အရွယ်အစားရှိ အိမ်များကို လေ့လာရာတွင် ဇန်နဝါရီလ အိမ်အသစ် ဈေးနှုန်းများမှာ ပြီးခဲ့သည့် လထက် ကျဆင်းသွားကြောင်း ထုတ်ပြန်သော National Bureau of Statistic (NBS) ၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၁၇ ရက်တွင် သိရသည်။
အိမ်အဟောင်း ဈေးနှုန်းများမှာ မြို့ပေါင်း(၆၁) မြို့တွင် ဇန်နဝါရီလ၌ ပြီးခဲ့သည့် လထက် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး (၆) မြို့တွင် တိုးတက်မှုရှိကာ (၃) မြို့တွင် ဈေးနှုန်း တန့်နေခဲ့သည်။ (Xinhua)
