Connect with us

China

တရုတ်နှင့် လက်တင်အမေရိက နိုင်ငံများကြား ကုန်သွယ်မှု ဘီလီယံ ၅၀၀ အထိ ရှိလာမည်ဟု တရုတ်သမ္မတ ပြောကြား

တရုတ်နိုင်ငံ၏ အဓိကသွင်းကုန်၊ပို့ကုန် ဆိပ်ကမ်းရှိကုန်သေတ္တာစခန်း (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နှင့် လက်တင်အမေရိက၊ ကာရေဘီယန်နိုင်ငံများအကြား ကုန်သွယ်မှုမှာ လာမည့် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ဖြစ်လာရန် တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က ရည်မှန်းထားသည်။

တရုတ်နှင့် လက်တင်အမေရိက၊ ကာရေဘီယန်နိုင်ငံများအသိုက်အဝန်း (CELAC) ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်တင်အမေရိကတွင် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လာမည့် ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ရှိလာမည်ဟု ၎င်းကဆိုသည်။

လာမည့်နှစ်များအတွင်း တရုတ်၏စီးပွားရေးမှာ အလယ်အလတ်မှ အရှိန်မြင့် ဆက်လက်တိုးတက် လာ မည်ဖြစ်ပြီး လက်တင်အမေရိကနှင့် ကာရေဘီယန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ အတွက် အခွင့်အလမ်းများလည်း ပိုမို ပေါ်ပေါက်လာမည် ဖြစ်သည်ဟု တရုတ်သမ္မတက ပြောသည်။

အဆိုပါရည်မှန်းချက်ကို သမ္မတ ရှီ ထိုဒေသသ့ို သွားရောက်လည်ပတ်စဉ် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

တရုတ်နှင့် CELAC တို့၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အဆိုပါ ခရီးစဉ်မှစတင် မြှင့်တင်ခဲ့ပြီး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည် ပေါ်လာသည့်အတွက် ဝမ်းမြောက်ရကြောင်း ရှီ ကပြောကြားသည်။

တရုတ်အနေဖြင့် CELAC အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံချက်များတွင် တက်ကြွစွာ ပါဝင်လာနေပါသည်။

လွန်ခဲ့သည့်နှစ်က ခရီးစဉ်တွင် တရုတ်-CELAC ဆွေးနွေးပွဲကို စတင် တည်ထောင်လိုက်ကြောင်း ရှီ နှင့် CELAC ခေါင်းဆောင်များက ကြေညာခဲ့ကြသည်။

တရုတ်သမ္မတက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ်ကို အဆိုပြုပြီး အခြေခံအဆောက်အအုံ ၊ စိုက်ပျိုးရေး၊ စွမ်းအင်ရင်းမြစ်များ၊ အဆင်မြင့် နည်းပညာများ ထုတ်လုပ်ခြင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေး နှင့် အခြားသော ကဏ္ဍများအတွက် ချေးငွေ၊ ငွေကြေးအထောက်အပံ့နှင့် စီမံကိန်းများကိုလည်း အဆိုပြုခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ ကရာကက်စ်မြို့တွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက တည်ထောင်ခဲ့သည် CELAC သည် တောင်အမေရိကနိုင်ငံများအားလုံး၊ ကာရေဘီယန်နိုင်ငံများနှင့် မက္ကဆီကိုတို့အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ (Xinhua)