Connect with us

China

တရုတ် နိုင်ငံ က ဟန်ဂေရီ၊ ဆားဘီးယား မြို့တော်များကြား ရထားလမ်း ဖောက်လုပ်ရေး စာချုပ်အား သဘောတူ

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား ၂၀၁၄ ခုနှစ် ဘယ်လ်ဂရိတ်၌ ပြုလုပ်သည့် တရုတ် နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်း (CEE) ခေါင်းဆောင်များ အစည်းအဝေး ၌ တွေ့ရစဉ် (ဆင်ဟွာ)

စူးကျိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သည် ဟန်ဂေရီ နှင့် ဆားဘီးယား တို့၏ မြို့တော်များအား ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေး နှင့် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆိုင်ရာ စာချုပ်အား ဟန်ဂေရီ ၊ ဆားဘီးယား တို့ နှင့် နိုဝင်ဘာလ ၂၄ ရက်နေ့က သီးခြားစီ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်း (CEE) ခေါင်းဆောင်များ နှစ်စဉ် တွေ့ဆုံပွဲ ထိပ်သီး ညီလာခံ၏ ပြင်ပဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့သည့် စာချုပ် နှစ်ရပ်၏ အသေးစိတ် အချက်အလက် အား မသိရှိရသေး သော်လည်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ ရထားလမ်း ဖောက်လုပ်ခြင်းအား ၂၀၁၅ ခုနှစ် အကုန်ပိုင်း လောက်တွင် ဆောင်ရွက်နိုင်မည် ဖြစ်ကာ နောက် ၂ နှစ် အတွင်း အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစောပိုင်း အစီရင် ခံစာများအရ မြန်နှုန်းမြင့် ရထားလမ်းသည် ဟန်ဂေရီ မြို့တော် ဘူဒါပက် နှင့် ဆားဘီးယား မြို့တော် ဘယ်လ်ဂရိတ်ကြား ခရီးကြာချိန် ကို တစ်ဝက်ကျော် လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘူဒါပက်-ဘယ်လ်ဂရိတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ် ဘူဒါပက် တွင် ပြုလုပ်ခဲ့သည့် တရုတ် နိုင်ငံနှင့် ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း (CEE) ခေါင်းဆောင်များ အစည်းအဝေးတွင် ကနဦး သဘောတူခဲ့ပြီး တရုတ် နိုင်ငံက ဟန်ဂေရီ ၊ ဆားဘီးယား နိုင်ငံတို့ နှင့် နားလည်မှု စာချွန်လွှာတွင် လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။

ရထားလမ်း တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် အား ဘယ်လ်ဂရိတ်တွင် ကျင်းပသည့် တရုတ်၊ ဟန်ဂေရီ၊ ဆားဘီးယား သုံးနိုင်ငံ သယ်ယူပို့ဆောင်ရေး နှင့် အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေး အစပိုင်းတွင် လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပြီး ထို အစီအစဉ်တွင် စီမံကိန်း၏ အချို့သော အဆင့်များ ပါဝင်ကြောင်း သိရသည်။

အစီအစဉ် အရ ဖြစ်နိုင်ခြေများအား လေ့လာမှု နှင့် ငွေကြေးဆိုင်ရာ သဘော တူညီချက်များ အပေါ် မူတည်၍ ရထားလမ်း တည်ဆောက်မှု အား ၂၀၁၅ ခုနှစ် အကုန်ပိုင်း လောက်တွင် စတင်နိုင်မည် ဖြစ်ကာ သတ်မှတ် အချိန်ဇယားအရ ၂၀၁၇ ခုနှစ် တွင် အပြီးသတ် ဖောက်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားလမ်း ပြီးဆုံးပါက တရုတ် နိုင်ငံ နှင့် ဥရောပကြား ပို့ကုန်နှင့် ထုတ်ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေး မြန်ဆန် ချောမွေ့စေရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆားဘီးယား ဝန်ကြီးချုပ် အလက်ဇန္ဒား ဗူဆစ်မှ ထိုရထားလမ်းသည် ဆားဘီးယား နှင့် ဟန်ဂေရီကို ဆက်သွယ် ပေးရုံသာမက ဥရောပ တောင်ပိုင်း ရထားလမ်း ကွန်ရက် နှင့်ပါ ချိတ်ဆက် သွားနိုင်မည် ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုဝင်ဘာလ ၂၄ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.