Connect with us

Business

မြန်မာနိုင်ငံက ဧပြီလမှ မေလအတွင်း မတ်ပဲ တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့နိုင်

မတ်ပဲများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း မတ်ပဲ တန်ချိန် ၁၄၃,၅၅၉ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၁၃၈ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အထိ မြန်မာနိုင်ငံက ပင်လယ်ရေကြောင်းမှတစ်ဆင့် မတ်ပဲ တန်ချိန် ၁၄၃,၄၉၃ ၊ နယ်စပ်လမ်းကြောင်းမှ ၆၆ တန် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို အောက်တိုဘာလ၌ စတင်စိုက်ပျိုးပြီး မတ်လမှ ဧပြီလအတွင်း ရိတ်သိမ်းကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မတ်ပဲကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ တန်ချိန် ၇၈၃,၉၄၉ တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၇၂၄.၉ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar exports over 140,000 tons of black grams in April-May
YANGON, May 28 (Xinhua) — Myanmar exported 143,559 tons of black grams during April and May of the 2024-25 fiscal year, earning over 138 million U.S. dollars, according to data released by the Ministry of Commerce on Tuesday.
From April 1 to May 17 this year, the country shipped 143,493 tons of black grams via sea route, while it exported 66 tons via land border, the ministry’s figures said.
In Myanmar, black gram is grown in winter that starts in October, and is harvested from March to April, according to Myanmar Pulses, Beans, Maize and Sesame Seeds Merchants Association.
Myanmar exported black grams to China, India, Singapore, Indonesia, Malaysia and other countries, according to the association.
During the 2023-24 fiscal year, Myanmar earned 724.9 million U.S. dollars from the export of 783,949 tons of black grams, the commerce ministry’s figures showed.