Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၄ လအတွင်း လူ ၂၀ ဦး သေဆုံးကာ ၁၅၉ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အမြန်လမ်းမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း လူ ၂၀ ဦး သေဆုံးကာ ၁၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယနေ့ (မေ ၂၉ ရက်) ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါ အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုနှင့် သေဆုံးမှု အရေအတွက်မှာ ယခင်နှစ် အလားတူကာလက ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၅၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၃ ဦးနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားကြောင်း သိရသည်။

ယင်းအမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ပူပြင်းသောရာသီတွင် တာယာပွင့်ထွက်ကဲ့သို့သော ယာဉ်ချို့ယွင်းမှုများကြောင့်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

၅၈၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြန်မာနိုင်ငံ၏ စီးပွါးရေးမြို့တော်ဖြစ်သော ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးကို ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ (Xinhua)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အမြန်လမ်းမီးသတ်ဦးစီးဌာန)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အမြန်လမ်းမီးသတ်ဦးစီးဌာန)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117