Connect with us

Business

မြန်မာနိုင်ငံက ဧပြီလနှင့် မေလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၈၀,၀၀၀ ကျော် တင်ပို့ခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဂိုထောင်တစ်ခုတွင် ဆန်ကောဖြင့် ဆန်ပြာနေသောအမျိုးသမီးတစ်ဦးကို ၂၀၂၂ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမနှစ်လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၈၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၁ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဧပြီလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၁,၄၆၂ နှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၄၀၀ ဖြင့် စုစုပေါင်း တန်ချိန် ၁၁၁,၈၆၂ တင်ပို့ခဲ့သည်။
မေလတွင်မူ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၇၀,၇၅၁ နှင့် နယ်စပ်လမ်းကြောင်းမှ ၅၂၈ တန် တင်ပို့နိုင်ခဲ့ကြောင်း MRF ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံက ဆန်နှင့် ဆန်ကွဲကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်၊ မလေးရှား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဗီယက်နမ် အပါအဝင် နိုင်ငံနှင့် ဒေသ ၂၀ ကျော်သို့ တင်ပို့ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၆ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း MRF စာရင်းများအရ သိရသည်။ (Xinhua)

…………………………………..
(English Version)
Myanmar exports over 180,000 tons of rice, broken rice in April-May
YANGON, June 14 (Xinhua) — Myanmar exported over 180,000 tons of rice and broken rice in the first two months of the fiscal year 2024-25, earning over 91 million U.S. dollars, the Myanmar Rice Federation reported on Thursday.
In April, the country exported 111,862 tons of rice and broken rice, with 111,462 tons through overseas trade and 400 tons through border trade.
In May, 71,279 tons of rice and broken rice were exported, including 70,751 tons through overseas trade and 528 tons through border trade.
The Southeast Asian country exported rice and broken rice to more than 20 countries and regions including Indonesia, the Philippines, China, Poland, Malaysia, Belgium, the Netherlands and Vietnam.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, earning over 845 million dollars, according to the federation.
Photo: A woman sorts rice with a bamboo rice sieve at a warehouse in Yangon, Myanmar, May 22, 2022. (Xinhua/U Aung)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.