နေပြည်တော် ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်ပြင်သစ်ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်တစ်ဒေါ်လာသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၁၅၇၃ ကျပ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၁၅၁၃ကျပ် ဝန်းကျင် အထိ ၂ ရက်အတွင်း ၆၀ ကျပ် ကျဆင်းလာခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) မြန်မာ့စီးပွားကဏ္ဍ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈)ကို ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) ၌ ယနေ့ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ၂ ရက်အထိ...
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ် မတ်လ အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်တွင်းအလှဆင် နှင့် အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များအနေဖြင့် ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းတင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်း ချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ(ကျောက်မျက်ပြပွဲခန်းမ)တွင် နိုဝင်ဘ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ် ၄၉ ဘီလျံကျော်(ကျပ်...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများကို စာရင်းကောက်ယူထားပြီး ဒီဂျစ်တယ်နည်းပညာများအသုံးပြုကာ ဘိုင်အို မက်ထရစ် စနစ်ဖြင့် စာရင်းပြုစုထားကြောင်း၊ စာရင်းပေးသွင်း ထားသည့်လုပ်ငန်းရှင်ဦးရေ ၃ သောင်းကျော်ရှိသည့်အပြင် ပိုမိုများပြားသည့် အရေအတွက် များလည်းရှိနိုင် ကြောင်း တချို့မှာ အခွန်ပေးဆောင်ရခြင်းနှင့် အခြားအခြားသော...
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ၌ နိုဝင်ဘာ ၁၄ ရက်တွင် ကျောက်မျက်အတွဲပေါင်း ၉၆ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချရာ ကျောက်မျက်အတွဲပေါင်း ၅၀ ကို ငွေကျပ် ၇၉၄ ဒသမ ၈၉ သန်းဖြင့်...