Connect with us

Business

မြန်မာနိုင်ငံသည် လေးလကျော်အတွင်း ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရရှိ

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လေးလကျော်အတွင်း ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁.၄၄ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဩဂုတ် ၁၅ ရက်၌ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါ ကိန်းဂဏန်းမှာ ယမန်နှစ် အလားတူကာလတွင် ပြည်ပကုန်သွယ်မှုမှရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၁.၆၄ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံ သည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၅.၃၂ ဘီလီယံကျော်တန်ဖိုးရှိသော ကုန်စည်များကို တင်ပို့နိုင်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံကျော် တန်ဖိုးရှိ ကုန်စည်များ ပြန်လည်တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃.၅၃ ဘီလီယံကျော်ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117