Connect with us

Business

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Money Changer လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၁၃ ခု၏ လိုင်စင်များအား ရုပ်သိမ်း

ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer လိုင်စင်) ရရှိထားသည့် ကုမ္ပဏီ ၁၃ ခု၏ လိုင်စင်များအားရုပ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမှုဆောင်ကော်မတီ၏ ဩဂုတ် ၁၄ ရက် အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer လိုင်စင်) ရရှိထားသည့် ကုမ္ပဏီ ၁၀ခု ၏ လိုင်စင်များကိုလည်း ယခင်လကရုပ်သိမ်းပြီးနောက် ယခုကဲ့သို့ထပ်မံအရေးယူခြင်းဖြစ်သည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဩဂုတ် ၁၄ ရက်၌ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ တစ်ယူရိုလျှင် ၂၂၉၉.၇ ကျပ်နှင့် တစ်ယွမ်လျှင်၂၈၉.၂၃ ကျပ် အသီးသီးရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117