Stock Market
စတော့ အိတ်ချိန်း အကြောင်းပြု လိမ်လည်မှု ကာကွယ်ရန် ဥပဒေတွင် ကာကွယ်မှု ထည့်သွင်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရန်ကုန် စတော့ အိတ်ချိန်းအား အကြောင်းပြု၍ လိမ်လည်မှုများအား ကာကွယ်နိုင်ရန် ဥပဒေပိုင်းများတွင် ကာကွယ်နိုင်မှုများအား ထည့်သွင်း လုပ်ဆောင်ထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ စတော့ ဈေးကွက်အား အကြောင်းပြု၍ လိမ်လည်မှုများသည် အခြားသော စတော့ဈေးကွက် လုပ်ဆောင်နေသည့် နိုင်ငံများတွင်လည်း ရှိတတ်ကြောင်း၊ စတော့ ဈေးကွက်များတွင် အတွင်း လူသစ္စာဖောက်၍ ရောင်းဝယ် ဖောက်ကား လိမ်လည်ခြင်း၊ ရှယ်ယာ ဈေးနှုန်းများ နှင့် ပတ်သက်၍ ဈေးနှုန်းအမှန် မပြောခြင်း၊ စသည့် အကြောင်း အမျိုးမျိုးကြောင့် လိမ်လည်မှုများမှ ကာကွယ်နိုင်ရန် ဥပဒေပိုင်းများတွင် ထည့်သွင်း ထားပြီးဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
ဝယ်လိုအား နှင့် ရောင်းလိုအား အမှန် မဟုတ်သူများအားလည်း ဥပဒေပိုင်းများတွင် ထည့်သွင်း ထားပြီး ဖြစ်ကြောင်း သိရသည်။ စတော့ ဈေးကွက်တွင် ရှယ်ယာ ဝယ်ယူမည်ဖြစ်ပါက ယင်းလုပ်ငန်း ကော်မတီအား ဦးဆောင်နေသည့်သူ၊ အုပ်ချုပ်သူ၊ လုပ်ငန်း အမျိုးအစား နှင့် ရှေ့အလားအလာ တို့အား ကိုယ်တိုင် သိရှိ လေ့လာရမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)