Connect with us

Stock Market

စတော့ခ် ဈေးကွက် Circuit Breaker စနစ်အား တရုတ် ဆိုင်းငံ့

တရုတ်နိုင်ငံရှိ စတော့ခ် ဈေးကွက်တစ်ခု အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ယခု နှစ်ဆန်းပိုင်းကမှ အကောင်အထည်ဖော် စတင်ခဲ့သည့် Circuit Breaker လုပ်ထုံး လုပ်နည်း စနစ်အား ဆိုင်းငံ့ လိုက်ကြောင်း ဇန်နဝါရီလ ၇ ရက် ညပိုင်းက တရုတ်နိုင်ငံက ကြေညာလိုက်သည်ဟု သိရသည်။

“လက်ရှိမှာ စတော့ခ် ဈေးကွက်မှာ အဲဒီ စနစ်က ကောင်းတဲ့ အကျိုး သက်ရောက်မှု ထက်စာရင် မကောင်းတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်လာတယ်၊ ဒါကြောင့် တရုတ် အစုရှယ်ယာ လက်မှတ်များ ထိန်းသိမ်းရေး ကော်မရှင် (CSRC) က ဈေးကွက် တည်ငြိမ်အောင် ထိန်းတဲ့ သဘောနဲ့ Circuit Breaker ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက် တာပါ” ဟု CSRC ၏ ပြောရေး ဆိုခွင့်ရှိသူ ဒန်ခဲ့က ထုတ်ပြန်ချက်တွင် ပြောသည်။

ယင်းစနစ်သည့် ဇန်နဝါရီလ ၁ ရက်တွင် စတင် အသက်ဝင်ခဲ့သလို တရုတ် စတော့ခ် ဈေးကွက်ကို ထိန်းချုပ်ခဲ့ပြီး ဟူရှန် ညွှန်းကိန်း ၃၀၀ ဖြစ်သွားလျှင် ရောင်းဝယ်မှုအား ၁၅ မိနစ် ရပ်နားပေးသည့် စနစ် ဖြစ်သည့်အတွက် ယင်းမှာ ရှန်ဟိုင်းနှင့် ရှန်ဇန်း အစုရှယ်ယာများသို့ ရိုက်ခတ်ခဲ့ပြီး ညနေ ၂း၄၅ နာရီ မတိုင်မီ ၅ ရာခိုင်နှုန်း ဈေးတက်ခြင်း သို့မဟုတ် ကျခြင်း ဖြစ်ခဲ့သည်။ အကယ်၍ ထိုကဲ့သို့ ပြောင်းလဲမှုသည် ၇ ရာခိုင်နှုန်း ဖြစ်ခဲ့မည်ဆိုလျှင် ယင်းနေ့၏ ဈေးကွက် ရောင်းဝယ်မှုများ ပိတ်သိမ်းသွားမည် ဖြစ်သည်။

Circuit Breaker သည် တနင်္လာနှင့် ကြာသပတေးနေ့များ၌ စတင်လည် ပတ်ခဲ့ပြီး ယင်းနေ့ နှစ်ရက်လုံးတွင် ဟူရှန် ညွှန်းကိန်းသည် ၃၀၀ ဖြင့် ၇ ရာခိုင်နှုန်းသို့ ထိုးကျခဲ့သည်။

“ဒီစနစ်က ဈေးကွက် ကျဆင်းခြင်းရဲ့ အဓိက အကြောင်းပြချက်တော့ မဟုတ်ပါဘူး၊ ဈေးကွက် ညွှန်းကိန်း ၅ ရာခိုင်နှုန်း သို့မဟုတ် ၇ ရာခိုင်နှုန်း နီးပါး ကျဆင်းချိန်မှာ ရင်းနှီးမြှုပ်နှံသူ အချို့က ရှယ်ယာ ရောင်းချဖို့ ဆုံးဖြတ် လိုက်တာကြောင့် ရှယ်ယာ ထိုးကျခြင်း အရှိန်မြင့်လာ စေတာလဲ ပါတယ်” ဟု ဒန်က ပြောသည်။
စတော့ခ် ဈေးကွက်အတွင်း ပုံမှန် မဟုတ်သော ဈေးနှုန်း အတက်အကျ ဖြစ်ခြင်းအား ကာကွယ်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြည်သူလူထု အကြံဉာဏ်များဖြင့် ညှိနှိုင်းထားသည့် Circuit Breaker စနစ် အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။
ရှန်ဟိုင်းနှင့် ရှန်ဇန်း စတော့ခ်ရှယ်ယာ ရောင်းဝယ်ဋ္ဌာနသည် Circuit Breaker စနစ် မောင်းနှင်မှုကြောင့် ဇန်နဝါရီလ ၇ ရက် အစောပိုင်းမှာပင် ၇ ရာခိုင်နှုန်း ထိုးကျခဲ့သဖြင့် ဈေးကွက်ဖွင့်ပြီး မိနစ် ၃၀ အတွင်း ဈေးကွက် ရပ်တန့်သွားခဲ့ရသည်။ ယင်းမှာ တရုတ် စတော့ ဈေးကွက် သမိုင်း၌ ရောင်းဝယ်မှု အချိန်အတိုဆုံး ဖြစ်ခဲ့သည်။
ဟူရှန် ညွှန်းကိန်း ၃၀၀ နှင့် ၅ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး နံနက် ၉း၄၂ နာရီတွင် စတော့ခ် ရောင်းဝယ်မှု ဆိုင်းငံ့သွား ခဲ့ သည်။ ထို့နောက် ၉း၅၇ နာရီတွင် ဈေးကွက်ပြန်ဖွင့်ပြီး ၂ မိနစ်အကြာမှာပင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံ ထိုးဆင်းခဲ့သဖြင့် ယင်းနေ့ ရောင်းဝယ်မှုများ ရပ်နားခဲ့ရသည်။
ဇန်နဝါရီလ ၇ ရက် ရောင်းဝယ်မှုများ ရပ်တန့်ခဲ့ရပြီးနောက် CSRC သည် ရှယ်ယာအများစု ပိုင်ဆိုင်သူများအား ၎င်းတို့၏ ရှယ်ယာ ရောင်းချခွင့်အား ကန့်သတ်သည့် စည်းကမ်းသစ် ထုတ်ပြန်လိုက်သည်။ ယင်း စည်းကမ်းချက်အသစ်သည် ဇန်နဝါရီလ ၉ ၇က်တွင် အကျိုးသက်ရောက်မည် ဖြစ်သည်။
ကုမ္ပဏီ ရှယ်ယာ ၅ ရာခိုင်နှုန်းနှင့် အထက် ပိုင်ဆိုင်သော မည်သည့် ရှယ်ယာရှင်မဆို သုံးလအတွင်း ကုမ္ပဏီ ရှယ်ယာ ၁ ရာခိုင်နှုန်းထက်ပိုပြီး ရောင်းဝယ်ခွင့်မရှိကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
China Aerospace Science and Industry Corporation နှင့် China National Offshore Oil Corporation အပါအဝင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း အမြောက်အမြားက စတော့ခ် ဈေးကွက် တည်ငြိမ်အောင် အထောက် အကူ ပြုသည့် အနေဖြင့် စတော့ခ်ဈေးကွက် စာရင်းဝင် ၎င်းတို့၏ ရှယ်ယာများအား ရောင်းချမည် မဟုတ် ကြောင်း ဇန်နဝါရီလ ၇ ရက်က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.