Connect with us

Stock Market

စတော့ရှယ်ယာ ဈေးကွက် နှင့်ဆိုင်သော သင်တန်းများ ဖွင့်လှစ်လိုပါက ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၌ အတည်ပြု လျှောက်ထားရမည်

ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မကြာမီ စတင်လုပ် ဆောင်တော့မည့် စတော့ရှယ်ယာ ဈေးကွက်အတွက် စတော့ အိတ်ချိန်း နှင့် ပတ်သက် သည့် ဗဟုသုတ ရရှိစေရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာများ သင်ကြားနိုင်ရန် Security and Exchange Committee အသိအမှတ်ပြု ပညာပေး သင်တန်းများကို ဖွင့်လှစ်လိုပါက ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၌ အတည်ပြု လျှောက်ထားရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ထိုကဲ့သို့ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၌ လာရောက် လျှောက်ထားမှသာ စတော့ရှယ်ယာ ဆိုင်ရာ သင်တန်း ဖွင့်လှစ်မှုကို အသိအမှတ်ပြု သွားမည်ဖြစ်ပြီး အကယ်၍ လျှောက်ထားခြင်း မရှိဘဲ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပါက အသိအမှတ်ပြု သွားမည် မဟုတ်ကြောင်း သိရသည်။

ယခုကဲ့သို့ လျှောက်ထား လာမှုများကို ပြည်တွင်း၌ သာမက ပြည်ပမှ လာရောက်၍ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် လိုသူများ အနေဖြင့်လည်း လျှောက်ထားရမည် ဖြစ်ပြီး ယခုကဲ့သို့ လျှောက်ထားမှသာ အသိအမှတ်ပြု၍ အတည်ပြု လုပ်ကိုင်သွား နိုင်မည် ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူကဆိုသည်။

ယခုအခါ ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ကြီးကို ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများ ရောင်းဝယ်မှုနှင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ပြင်ဆင်လျက် ရှိကာ ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းများ ကို ၂ဝ၁၆ ခုနှစ် မတ်လဆန်းပိုင်း တွင် စတင် လည်ပတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.