Connect with us

World

အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ ကုန်ကျမည့် နျူကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် ခွင့်ပြု

လျှပ်စစ်တာဝါတိုင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ ကုန်ကျပြီး မဂ္ဂါဝပ် ၂၄၀၀ ထွက်ရှိမည့် နျူကလီယား ဓာတ်အားပေး စက်ရုံ တစ်ခုအား တည်ဆောက်ရေး အဆိုပြုချက်တစ်ခုအား ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ ကော်မတီက ခွင့်ပြုလိုက်သည်။

ယင်း အဆိုပြုချက်သည် ဒီဇင်ဘာလ ၂၃ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးဝန်ကြီး AMA Muhith ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အနိုင်ရပါတီ Awami League ခေါင်းဆောင်လည်းဖြစ် လက်ရှိ ဝန်ကြီးချုပ်လည်း ဖြစ်သူ ရှိတ် ဟတ်စင်နာ (Sheikh Hasina) က “Rooppur Nuclear ဓာတ်အားပေး စက်ရုံ” ကို မြို့တော် ဒါကာ အနောက်ဘက် ၂၁၆ ကီလိုမီတာ အကွာတွင်ရှိသည့် Pabna ခရိုင်၌ တည်ဆောက်မည်ဖြစ်ပြီး အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၁ ခုနှစ်တွင် စွမ်းအင် မဂ္ဂါဝပ် ၂၀,၀၀၀ ထုတ်လုပ်နိုင်ရေး အတွက် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီဇင်ဘာလ ၁၅ ရက်၌ ရုရှားနှင့် ကနဦး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ် သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.