Connect with us

World

အမေရိကန် ဒေါ်လာ အတိုးနှုန်းများကို ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဗဟိုဘဏ် Fed မြှင့်တင်

Fed ဥက္ကဋ္ဌ Janet Yellen ဒီဇင်ဘာ ၁၆ ရက်က သတင်းစာရှင်းလင်းပွဲ၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ် Fed က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြှင့်တင်လိုက်ကြောင်းသိရသည်။

အမေရိကန် ပြည်ထောင်စု အရံငွေစနစ် (Federal Reserve System (သို့) the Fed) ကော်မတီ မှ ပြည်ထောင်စု ဘဏ္ဍာရေး အသုံးစရိတ်အား ဝ.၂၅ ရာခိုင်နှုန်းမှ ဝ.၅ ရာခိုင်နှုန်း အထိ အမှတ် ၂၅ ခု တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ယင်းသည် အမေရိကန် ဗဟိုဘဏ် Fed ၏ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အတိုးနှုန်း တိုးမြှင့်ခြင်း ဖြစ်သည်။

အမေရိကန် Fed ၏ ထုတ်ပြန်ချက်တွင် လက်ရှိအချိန်၌ အမေရိကန်နိုင်ငံ၌ အလုပ်အကိုင် အခွင့်အရေး သိသိသာသာ တိုးတက်လာသဖြင့် အတိုးနှုန်း ၂ ရာခိုင်နှုန်းမြှင့်တင်ရန် ယုံကြည်မှုရှိကြောင်း ၊ လက်ရှိ နှင့် အနာဂတ် စီးပွားရေး အခြေအနေ အပေါ် အကဲခတ်ပြီး အမေရိကန် Fed အနေဖြင့် အတိုးနှုန်းမြှင့်တင်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အကြိမ် အတိုးနှုန်းမြင့်တင်ပြီးနောက်တွင် အမေရိကန် Fed အနေဖြင့် ငွေကြေးထိန်းချုပ်မှု လျှော့ပေါ့ရေး မူဝါဒများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနာဂတ် အမေရိကန် စီးပွားရေး မှာ ဆက်လက် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပွား လာမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမို တိုးပွားလာနိုင်သဖြင့် အမေရိကန် ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်း တိုးတက်လာရန် အခြေအနေ ရှိကြောင်း ၊ အတိုးနှုန်း တိုးချဲ့ဆောင်ရွက်ခြင်းသည် အမေရိကန် Fed မှ အမေရိကန် စီးပွားရေး အခြေအနေပေါ်ယုံကြည်မှု ရှိကြောင်းကိုလည်း ပေါ်လွင်စေကြောင်း ၊ သို့သော် စီးပွားရေး အခြေအနေမှာ မျှော်လင့်ထားသည်ထက် ကျဆင်းခဲ့ပါက အမေရိကန် Fed အနေဖြင့် ငွေကြေးဆိုင်ရာမူဝါဒ များကို ပိုမို လျှော့ပေါ့သွားမည် ဖြစ်ကြောင်း ကိုလည်းပြောကြားခဲ့သည်။

Fed ဥက္ကဋ္ဌ Janet Yellen က အမေရိကန် Fed အနေဖြင့် ဈေးကွက် နှင့် အတတ်နိုင်ဆုံး ချိန်ညှိမှုများ ဆောင်ရွက်ခြင်းဖြင့် ယခုကဲ့သို့ အတိုးနှုန်း မြှင့်တင်မှုကြောင့် ဂယက်ရိုက်မှုများ မဖြစ်ပွားရန်ကို အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ငွေကြေးဆိုင်ရာ အခက်အခဲကြုံတွေ့မှု များကြောင့် ၂၀၀၈ ခုနှစ် နှစ်ကုန်မှ စတင်၍ အမေရိကန် Fed သည် အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို အလွန်အမင်းလျှော့ချ ထိန်သိမ်း ထားခဲ့ပြီး အတိုးနှုန်းမြှင့်တင်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117