Connect with us

World

စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်လာ

စင်ကာပူနိုင်ငံအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄.၄၄ ရာခိုင်နှုန်းဖြင့် အများဆုံး၊ လျှပ်စစ်ကဏ္ဍတွင် ၂၀.၃၁ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ စက်မှုကဏ္ဍ တွင် ၁၉.၇၉ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးနှင့် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၁၈.၈၄ ရာခိုင်နှုန်းဖြင့် စတုတ္ထ အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၈၄၀.၈၇၈ သန်းကျော်ရှိခဲ့ပြီး ရေနံနှင့်သဘာဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၈၂၆.၄၀၃ သန်းနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၄၇၆.၈၀၆ သန်း ဝင်ရောက်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117