Connect with us

Economy

တရုတ်နှင့် ဗီယက်နမ်တို့သည် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေများအား လေ့လာရန် သဘောတူညီ

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးတွင် သဘောတူညီချက်များအား လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာလ ၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဗီယက်နမ်တို့သည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗီယက်နမ် အလည်အပတ် ခရီးစဉ်အတွင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေများအား လေ့လာရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနွိုင်း-လောင်ဝ်စိုင်း-ဟိုင်းဖောင် မြို့များကို ဆက်သွယ်ပေးမည့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေများအား လေ့လာရန် သဘောတူညီမှု စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်အရ သိရသည်။
တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့သည် အခြေခံ အဆောက်အအုံ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများတွင် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိခဲ့ပြီး အဆိုပါ စာချုပ်သည် နှစ်နိုင်ငံကြား Win-Win ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သည့် တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီးအစပျိုးမှု နှင့် ဗီယက်နမ်နိုင်ငံ၏ “Two Corridors and One Economic Circle” အစီအစဉ်တို့၏ စံပြ တစ်ခုအဖြစ် သတ်မှတ် နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.