Connect with us

Economy

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းက ကမ္ဘာကြီးနှင့် သက်ဆိုင်နေသလား

တရုတ်နိုင်ငံမှ ဥရောပတိုက်သို့ ပြေးဆွဲမည့် ကုန်ရထား စတင်ထွက်ခွာစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၇ ရက်(ဆင်ဟွာ)

သမိုင်းတွင် အရေးပါသော လှုပ်ရှားသက်ဝင်မှုတစ်ခု ကြုံတွေ့လာချိန်တိုင်းတွင် ရွေးချယ် စရာ အကြောင်းအရာ နှစ်ခု အမြဲလိုလို ရှိတတ်သည်။ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး တိုးတက်အောင် လုပ်ဆောင်ခြင်း (သို့မဟုတ်) အခွင့်အလမ်းကိုလက်လွှတ်၍ ကျဆုံးစေခြင်း တို့ပင်ဖြစ်သည်။

ကျဆုံးခြင်း တန်ဖိုးကို ကောင်းစွာပေးဆပ်ခဲ့ဖူးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ယခုအခါ ၎င်း၏ကံကြမ္မာအတွက် အခွင့်အလမ်း ကို ကောင်းစွာ သဘောပေါက်သိမြင်ခဲ့ပြီဖြစ်သည်။ ၁၉ ရာစု ခေတ်သစ်တွင် အခွင့်အလမ်းကို မဆုပ်ကိုင်ခဲ့သည့် အတွက် ဆိုးရွားသော သင်ခန်းစာတစ်ခုကို ရရှိခဲ့ဖူးသည်။ တရုတ်နိုင်ငံသည် စစ်ပွဲ၏မှောင်မိုက်ခြင်းများ ၊ ဆင်းရဲနွမ်းပါးမှု နှင့် စိတ်ပျက်ဖွယ်ရာ များဖြင့် ရာစုနှစ်တစ်ခု တွင် နေထိုင်ခဲ့ရသည်။

ယင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်သည့် အချိန်ထိပင်ဖြစ်သည်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မှု လုပ်ဆောင်ခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် ၄ ခုအကြာမှ စတင်ကာ နိုင်ငံသည် မားမားမတ်မတ်ရပ်တည်ပြီး အချိန်နှင့်အမျှ အဆင့်အတန်းတစ်ခုကို ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံသည် ခေတ်ဟောင်းပို့ကုန်တစ်ခုမှ အရင်းအမြစ်များ ကြီးထွားတိုးတက်အောင် လုပ်ဆောင်ရန် စက်မှုတော်လှန်ရေးအသစ်၏ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ခြင်း ၊ ရင်းနှီးမြှုပ်နံှမှုဦးစားပေးခြင်း မှ ပိုမိုသုံးစွဲခြင်း နှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုရောက်ရန် ပြုပြင်ပြောင်းလဲရေး အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။ အဓိက နယ်ပယ်ကဏ္ဍတိုင်းတွင် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲရေး နှင့် အတူ ခက်ခဲသော အရေးကိစ္စရပ်များကို နိုင်ငံကရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ပြောရမည်ဆိုပါက တရုတ်နိုင်ငံသည် သမိုင်းကပေးသော အခွင့်အရေးကို ယခုအခါ မိမိရရ ဆုပ်ကိုင်ရင်း နောက်တစ်ကြိမ် မဆုံးမရှုံးရလေအောင် လုပ်ဆောင်သွားရန်သာ ဖြစ်သည်။ ဖွံ့ဖြိုးမှု၏ အခွင့်အရေးကို ဆုပ်ကိုင်ခြင်း ဆိုသည်မှာ တစ်ယောက်ကအောင်မြင်ရန် အခြားတစ်ယောက်ကျဆုံးပေးရသည့် zero-sun game ပြိုင်ဆိုင်မှုပုံစံမျိုးမဟုတ်ပေ။ သို့သော် ပေါင်မုန့်ကို ပို၍ ကြီးထွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးသည် ပြန်လည်နလံထူရန် မျှော်လင့်ရသော်လည်း မရေးရာမှုများ ရှိနေဆဲ ဖြစ်သည်။မူဝါဒရေးရာပြောင်းလဲခြင်း သက်ရောက်မှုများသည် အဓိကစီးပွားရေးလုပ်ငန်းများတွင် မရေရာမှုကို ဖန်တီးနေသည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ပထဝီနိုင်ငံရေး အန္တရာယ်သည် မြင့်တက်လာနေသည်။ လူသားသန်းပေါင်း များစွာမှာ နေရပ်စွန့်ခွာနေရခြင်း နှင့် အများစုမှာ ငတ်မွတ်ခေါင်းပါးမှုဖြင့် ရင်ဆိုင် အသက်ရှင်နေရသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ အခွင့်အလမ်းများကို အုပ်ချုပ်ရေးယန္တယား ၊ ဖွံ့ဖြိုးမှု နှင့် ငြိမ်းချမ်းမှု ယိုယွင်းပျက်စီးနေခြင်း အပါအဝင် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသည့် ကမ္ဘာကြီးအား မျှဝေပေးရန် ဆန္ဒရှိနေသည်။တရုတ်နိုင်ငံတွင် လူလတ်တန်းစားဦးရေ သန်း ၄ဝဝ ပေါ်ထွက်ခဲ့ပြီး ၎င်းမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးပမာဏဖြစ်သည်။ ပြည်တွင်း နှင့် ပြည်ပ အတွက် ဧရာမဈေးကွက်ကြီးပင်ဖြစ်သည်။ ဥရောပတိုက်မှ ဆယ်လမွန်ငါးများ သို့မဟုတ် လက်တင်အမေရိကတိုက်မှ ထောပတ်သီးကို တရုတ်နိုင်ငံသားစားသုံးသူများက မည်မျှ လိုအပ်နေသည်ကို ကြည့်၍ ဈေးကွက်အနေအထားကို စဉ်းစားဆင်ခြင်နိုင်သည်။ အီလက်ထရောနစ်ပစ္စည်းများ နှင့် စက်ပစ္စည်းကိရိယာများတွင် အရေအတွက် မည်မျှလောက် အရေးကြီးသည်ကိုမူ ဖော်ပြရန်ပင်မလိုအပ်တော့ပေ။ နိုင်ငံရပ်ခြားတွင် ငွေကြေးသုံးစွဲမှုလည်း အပါအဝင်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စံနှုန်းမြင့် အင်တာနက်မြန်ဆန်မှု ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် နှင့် စီးပွားရေးဆိုင်ရာ မျှဝေခြင်းများကို စံနမူနာကျစွာ စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီး ဆောင်ရွက်ခဲ့ သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ကုမ္ပဏီများစွာကို ပိုမိုကောင်းမွန်အောင်း အများအပြားဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်းများလည်း ဆက်လက် ပေါ်ထွက်နေသည်။ ပြီးခဲ့သော မတ်လ ၅ ရက်တွင် တင်သွင်းခဲ့သည့် လုပ်ငန်းအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ အထွေထွေ စက်မှုလုပ်ငန်း ကဏ္ဍသည် အလုံးစုံတံခါးဖွင့်ပေးသွားမည်ဖြစ်ကြောင်း နှင့် သက်ကြီးရွယ်အိုများ ပြုစုခြင်း ၊ ပညာရေး ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ သတင်းဆက်သွယ်ရေးဝန်ဆောင်မှုများကဲ့သို့သော် နယ်ပယ်ကဏ္ဍများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နှင့် မော်တော်ကားသစ် ထုတ်လုပ်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝန်ယူမှုတာဝန်ခံမှု ရှိသော အဓိကနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီးသော အရေးကိစ္စရပ်များတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ၊ ကမ္ဘာ ့တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော နေရာမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

အခြားနိုင်ငံများစွာကဲ့သို့ပင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သော ဒဏ်ရာဒဏ်ချက်များစွာကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။၎င်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖြစ် ကျန်ရစ်နေဆဲဖြစ်သည်။ လူတစ်ဦးချင်းစီ၏ GDP အရ ဝင်ငွေသည် ကမ္ဘာ့အဆင့်များတွင် အလယ်အလတ်အဆင့်၌ ဆက်လက်ရပ်တည် လျက်ရှိနေသည်။

ဖွံ့ဖြိုးမှု မရှိခြင်း နှင့် ညီမျှမှု မရှိခြင်းက ဖြေရှင်းရန် ပြဿနာရပ် တစ်ခုအဖြစ် ကျန်ရစ်နေသည်။ပြည်သူသန်းပေါင်း ၃ဝ ကျော်သည် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ဆက်လက် နေထိုင်နေရသည်။ လေထုညစ်ညမ်းမှုထိန်းချုပ်ခြင်း နှင့် အဓိကအန္တရာယ် စနက်တံတစ်ခု နှင့်အတူ လုပ်ငန်းများကို နိုင်ငံက ဆောင်ရွက်နေရသည်။

စိန်ခေါ်မှုများစွာကလည်း တရုတ်နိုင်ငံအတွက် ရှိသေးသည်။သို့သော် အကယ်၍ ကောင်းစွာ ဖြေရှင်းခဲ့ပါက ၎င်းတို့ကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိ သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းလာခြင်းဖြင့် ပြောင်းလဲလာသောပြိုင်ပွဲပုံစံ နှင့်အတူ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်စီးပွားရေး အနာဂတ် အရွေ့ကို သွားနေသည်။

တိုင်းပြည်၏ တံခါးဖွင့်စီးပွားရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံသည် အနုတ်လက္ခဏာ စံနှုန်းပံုံစံ စာရင်းတစ်ခုနှင့်အတူ စီမံခန့်ခွဲမှု အတည်ပြုချက်စနစ်တစ်ခုကို အစားထိုး ဆောင်ရွက်လျက်ရှိသည်။တီထွင်ဆန်းသစ်မှုမောင်းနှင်အား ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂ ဆ တိုးတက်လာခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် အရည်အသွေးပြည့်ဝသူများကို စွဲဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၌ လာရောက် လုပ်ကိုင်နေသော နိုင်ငံခြား ကျွမ်းကျင်ပညာရှင် အရေအတွက်မှာ ၄ဝ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပိုမိုညီမျှခြင်း နှင့် မျှတခြင်း ရှိစေရန် တရုတ်နိုင်ငံသည် ပိုမိုကြိုးပမ်းအားထုတ်ခဲ့သည်။ခေတ်သစ်ပိုးလမ်းမမှ အဖွဲ့ဝင်နိုင်ငံများ ၊ အာရှအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်(AIIB) နှင့် ပိုးလမ်းမဖိုရမ်များ ပါဝင်သူအားလုံး အကျိုးအမြတ်များ ရရှိခဲ့ကြသည်။

၎င်းတို့အားလုံးသည် တရုတ်နိုင်ငံ နှင့်ရော ကမ္ဘာကြီး အတွက်ပါ ပိုမို၍ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု နှင့် ဖွံ့ဖြိုးမှု မောင်းနှင်သူသစ်အဖြစ် တွန်းအားပေးနိုင်လိမ့်မည်ဖြစ်သည်။စေ့စပ်ညှိနှိုင်းမှုသည် အမြဲတမ်း ပြေပြစ်ချောမွေ့နေမည်မဟုတ်ပေ။ တရုတ်နိုင်ငံက ကုန်သွယ်ရေးသဘောထားကွဲလွဲမှုများကို တန်းတူညီမျှဖြစ်အောင် ဆွေးနွေးအဖြေရှာရန် တောင်းဆိုခဲ့ပါသည်။ ကုန်သွယ်ရေးစစ်ပွဲ တစ်ခုတွင် မည်သူမျှ အနိုင်ရရှိလိမ့်မည်မဟုတ်ပေ။

ကမ္ဘာကြီးသည် ကြီးမားသောအပြောင်းအလဲများ ဖော်ဆောင်မည့် အချိန်အခါတစ်ခုသို့ ရောက်ရှိနေသည်။ စဉ်စားတွေးတောဖွယ်ရာ အသစ်များ နှင့် စာမျက်နှာသစ်များ အမြဲလိုလို ရှိနေပါသည်။ ယခုအတိုင်းဆက်လက်ရပ်တည်သွားရန်မှာ အချိန်မရှိတော့ပေ။

လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် တရုတ်နိုင်ငံ သည် တက်ကြွစွာ နှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကိစ္စရပ်များကို ဆောင်ရွက်ရမည့် အခိုက်အတန့်တစ်ခုတွင် ကျွန်တော် တို့သည် အခါအခွင့်ကောင်းကို အတူတကွ လက်တွဲ ဆောင်ရွက်သွားရမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုကသာ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ပါမည်။ နှစ်ပေါင်း ၄ဝ ကျော် ကာလတစ်ခုသည် တရုတ်နိုင်ငံသမိုင်းအတွက် ဖွံ့ဖြိုးတိုးတက်ရန် လုံလောက်သော အခိုက်အတန့်ဖြစ်ခဲ့သလို ကမ္ဘာကြီးအတွက် စိတ်ဓာတ်ခွန်အားကို ကြိုတင်ပြင်ဆင်ရန် အကြောင်းပြချက် ဖြစ်ခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အခွင့်အလမ်းများ မျှဝေခြင်းဖြင့် အနာဂတ်အား ဆက်လက်တည်ရှိစေလိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.