Connect with us

Economy

တရုတ်နိုင်ငံ သမ္မတသည် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအား တရုတ်နိုင်ငံတွင်း စီးပွားရေးနှင့် ပတ်သက်၍ အာမခံချက်ပေး

စီယက်တယ် မြို့တွင် ကျင်းပသည့် CEO အဆင့် စားပွဲဝိုင်း ဆွေးနွေးပွဲ (ဆင်ဟွာ)

စီယက်တယ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအား တရုတ်နိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများ ၏ အလားအလာ ကောင်းများနှင့် ပတ်သက်၍ အာမခံပြီး ကုန်သွယ်ရေးတွင်လည်း တရုတ်နှင့် အမေရိကန်သည် Win-Win သီအိုရီ အတိုင်း ပူးပေါင်း မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုးတက် ကြီးမားမှုနှင့် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နေသော တရုတ်နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကို ဘယ်နည်းနဲ့မှ ပြောင်းလဲမည် မဟုတ်ကြောင်းကို ရှီ၏ အမေရိကန် ခရီးစဉ် နှစ်ရက်မြောက်၌ စီယက်တယ် မြို့တွင် ကျင်းပသည့် CEO အဆင့် စားပွဲဝိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ရှီမှ ဆက်လက်၍ တရုတ်နိုင်ငံ၏ စီးပွားရေး အခြေခံကောင်းများ ခိုင်မာစွာ တည်ရှိနေမည် ဖြစ်ပြီး ရေရှည် တိုးတက် ကြီးမားအောင် ဆက်လက် ထိန်းသိမ်း ပြီး အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို Alibaba, Lenovo, IBM နှင့် Microsoft အစရှိသည့် နှစ်နိုင်ငံတွင်း ထိပ်တန်း ကုမ္ပဏီများမှ စီးပွားရေး ခေါင်းဆောင် အယောက် (၃၀) ကျော် နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန် ကြားတွင် အခွင့်အလမ်းသစ်များစွာ ထွက်ပေါ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတကာ၏ အကျိုးစီးပွားကိုပါ ယူဆောင် ပေးနိုင်မည် ဖြစ်ကြောင်း ရှီမှ ပြောကြားခဲ့သည်။
တရုတ်သမ္မတမှ အမေရိကန် စီးပွားရေး လုပ်ငန်းကြီးများ တရုတ်နိုင်ငံ တွင် ဒေသဆိုင်ရာ ရုံးခွဲ တည်ဆောက်ခြင်း၊ လေ့လာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စင်တာများ တည်ဆောက်ခြင်း တို့ကို တရုတ်နိုင်ငံအနေဖြင့် ကူညီ ထောက်ပံ့ ပေးသွားမည့် အပြင် အခြားအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တရုတ်နိုင်ငံတွင် တိုးချဲ့ လုပ်ကိုင်နိုင်စေရန် လည်းအားပေးမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်နေစဉ် အတွင်း တရုတ် နိုင်ငံ အနေဖြင့် လည်း ၎င်း၏ ရင်းနှီး မြှုပ်နှံ မှုများကို အမေရိကန်၌ ပိုမို တိုးမြှင့် လုပ်ဆောင်သွား ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ် အမေရိကန် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် နှစ်နိုင်ငံ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု အသီးအပွင့်များကို တစ်ပြိုင်နက်တည်း ရရှိနိုင်ကြောင်း၊ အမေရိကန် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသော တရုတ် ကုမ္ပဏီများသည် လွန်ခဲ့သော နှစ်များအတွင်း များပြားလာခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နံှမှု စာချုပ်ချုပ်ဆိုခြင်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ် ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.