Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသားစား ပန်ဒါရိုင်းများ တိုက်ခိုက်နေကြပုံကို ကင်မရာမှရိုက်ကူးရရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ ပန်ဒါရိုင်းတစ်ကောင် (ဆင်ဟွာ)

လန်ကျိုး၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် အတွင်း ရှိ ဘေးမဲ့တော တစ်ခုတွင် ပန်ဒါရိုင်းများ ၏ တိုက်ခိုက်ခြင်း၊ အသားစားခြင်း စသည့် ထူးခြားသော အပြုအမူများကို သဘာဝ ဘေးမဲ့တော ၏ အနီအောက် ရောင်ခြည်သုံး ကင်မရာများမှ ရိုက်ကူးရရှိခဲ့ ကြောင်းသိရသည်။

၂၀၁၄ ခုနှစ် အစောပိုင်းလောက် ကစ၍ ပိုင်းရွှေကျန်းအမျိုးသား ဘေးမဲ့တော ဝန်ထမ်းများ မှ ဘေးမဲ့တောအတွင်းရှိ ပန်ဒါ အကောင် ၁၁၀၏အပြုအမူများကို အနီအောက်ရောင်ခြည်သုံး ကင်မရာ ၂၂၀ ကျော်ဖြင့် စောင့်ကြည့် နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘေးမဲ့တောမန်နေဂျာ ယွန်ဖန်းရှောင် မှ အရင်ကာလများအတွင်း ဘေးမဲ့တောဝန်ထမ်းများ ပင်လျှင် ပန်ဒါရိုင်းများကို မြင်တွေ့ရန်မလွယ်ကူကြောင်း၊ သို့သော် ယခု အခါ အနီအောက်ရောင်ခြည်သုံး ကင်မရာများအကူအညီဖြင့် ထိုရှားပါးပန်ဒါရိုင်းများ၏ တန်ဖိုးရှိသော ဓါတ်ပုံမှတ်တမ်းများကို ရိုက်ကူးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရိုက်ကူးရရှိသော ဗီဒီယို တစ်ခုတွင် ပန်ဒါရိုင်းတစ်ကောင်သည် သေဆုံးနေသော တိရစ္ဆာန်ငယ်တစ်ကောင် ၏ အရိုးများကို ကိုက်ဖဲ့ စားသောက် နေကြောင်းတွေ့ရသည်။ လေ့လာရေးသုတေသီ ဟဲလီဝန်း မှ ပန်ဒါရိုင်းများသည် ဝါးပင်များ အပြင် အသားကို စားသောက်တတ်ကြသော်လည်း ယခုကဲ့သို့ တိရစ္ဆာန် အသေကောင် စားသောက်ခြင်း ကို တွေ့ရခဲကြောင်း ပြောကြားခဲ့သည်။

ကင်မရာ မှတ်တမ်းအရ ပန်ဒါရိုင်းတစ်ကောင် ၏ ခေါင်းတွင် သွေးများထွက် နေသည်ကို တွေ့ရှိရ သောကြောင့် အခြားပန်ဒါများ (သို့) ဝက်ဝံများ နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် နိုင်သည်ဟု ယူဆရ ကြောင်းသိရသည်။

နောက် ဗီဒီယို တစ်ပိုင်းတွင်မူ ပန်ဒါ တစ်စုံသည် တောအုပ်ထဲတွင် တပ်ဆင်ထားသော ကင်မရာကို အထူးအဆန်းအဖြစ် ကြည့်ရှုနေပြီးနောက် ပန်ဒါတစ်ကောင်မှ ကင်မရာကို ကိုက်ဝါးရန် ကြိုးစားနေသည် ကိုတွေ့ရှိခဲ့သည်။

ဟက်တာ ၂၀၀,၀၀၀ ကျော် ကျယ်ဝန်းသည့် ပိုင်းရွှေကျန်း ဘေးမဲ့တောသည် တရုတ်နိုင်ငံ၏ ပန်ဒါရိုင်းများရှိရာ အကြီးဆုံးသော ဘေးမဲ့တောထဲမှ တစ်ခုဖြစ်သည်။ အဆိုပါ ဘေးမဲ့တောတွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၅၀၀ကျော်နှင့် အပင်ရိုင်း အမျိုးအစား ၂၀၀၀ကျော်ကို မှတ်တမ်းနိုင်ခဲ့ကြောင်း ယွန်ဖနးရှောင် ပြောကြားခဲ့သည်။

အနီအောက် ရောင်ခြည်သုံး ကင်မရာများမှ ရွှေရောင်မျောက်နှင့် တာကင် ခေါ် ဆိတ်ဒရယ်တစ်မျိုး တို့အပါအဝင် အခြားရှားပါး တိရိစ္ဆာန်များ၏ ခြေရာများကိုလဲ ရိုက်ယူနိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.