Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တောင်ပိုင်းသို့ တိုင်ဖုန်း Mujigae ဝင်ရောက်


ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ယခုနှစ်အတွက် ၂၂ လုံးမြောက် တိုင်ဖုန်း မုန်တိုင်း Mujigae သည် တနင်္ဂနွေနေ့ နေ့လည်ပိုင်းက တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန် ဒေသသို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာ မိုးလေဝသ လေ့လာရေး အဖွဲ့က ပြောသည်။

တိုင်ဖုန်း မုန်တိုင်းနှင့်အတူ မိုးသက်လေပြင်း ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်း နေပြီး Zhanjiang ဆိပ်ကမ်းမြို့သို့ ဒေသ စံတော်ချိန် နေ့လည် ၂း၁၀ နာရီအချိန်၌ ဝင်ရောက်ခဲ့သည်။ ၎င်း မုန်တိုင်းသည် တစ်စက္ကန့်လျှင် လေတိုက်နှုန်း မီတာ ၅၀ ရှိသည်။

အဆိုပါ တိုင်ဖုန်း Mujigae အား သတိပေးချက် အမြင့်ဆုံးဖြစ်သော အနီရောင်အဆင့် သတ်မှတ် ထားသည်။

တိုင်ဖုန်း မုန်တိုင်း Mujigae ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်တုန်ရှိ ငါးဖမ်းလှေ ၃၈,၉၀၀ တို့သည် ဆိပ်ကမ်း သို့မဟုတ် နီးစပ်ရာ နေရာများသို့ ပြန်လည် ဆိုက်ကပ်ခဲ့ကာ တံငါသည် ၁၀,၀၀၀ ကျော်တို့ကလည်း လုပ်ငန်း ရပ်နားထားရသည်။ ကွမ်တုန် ဒေသဆိုင်ရာ အာဏာပိုင် တို့သည် ရေကြောင်း သွားလာမှုများ၊ ဖျော်ဖြေရေး လှုပ်ရှားမှုများအား ရွှေ့ဆိုင်းရန် ညွှန်ကြားထားသည်။

Mujigae တိုင်ဖုန်း ဝင်ရောက်ချိန်သည် တရုတ်နိုင်ငံတွင် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် ကာလဖြစ်သည့်အတွက် ဟိုင်နန်ဒေသ သို့ ခရီးသွား လာရောက်မှု များနေသော အချိန်လည်း ဖြစ်နေသည်။ ဟိုင်နန်ဒေသ၌ ရှိသော Haikou နှင့် Sanya မြို့တို့ကို ချိတ်ဆက်ထားသော မြန်နှုန်းမြင့် ရထား ပြေးဆွဲမှုများကို လည်း ဆိုင်းငံ့ထားရသည်။

တရုတ်နိုင်ငံ၌ ရာသီဥတု သတိပေး အဆင့်အား အနီရောင် လိမ္မော်ရောင်၊ အဝါရောင် ၊ အပြာရောင် စသည့့်် အရောင်လေးမျိုးဖြင့် သတ်မှတ်ထားပြီး အနီရောင်အဆင့်သည် ရာသီဥတု အဆိုးရွားဆုံး ကို ဖော်ညွှန်းခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117