Connect with us

Environment, Disasters & Accidents

ပေကျင်း၏ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု ဒဏ်ကြေး ရရှိမှုသည် ယွမ်ငွေ သန်း ၁၀၀ ကျော်အထိ သာလွန် မြင့်တက်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မီးခိုးမြူများ အုံ့ဆိုင်းနေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ပေကျင်းတွင် ယခုနှစ်၏ ပထမ ကိုးလအတွင်း ပတ်ဝန်းကျင် ညစ်ညမ်းစေမှု ဒဏ်ကြေးငွေ အဖြစ် တရုတ်ယွမ် သန်း၁၀၀ (အမေရိကန် ဒေါ်လာ ၁၅.၈သန်း) ကျော်ရရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၁၄ ခုနှစ် ပထမ ကိုးလ အတွင်း ရရှိသည့် ဒဏ်ကြေးငွေ ပမာဏ၏ နှစ်ဆ နီးပါး ရှိကြောင်း မြို့တော် ပတ်ဝန်းကျင် ဆိုင်ရာဗျူရို က အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြား ခဲ့သည်။

ဇန်နဝါရီလမှ စက်တင်ဘာလ ကုန်ထိ စုံစမ်း စစ်ဆေးမှုပေါင်း ၂,၄၉၂ ခု ပြုလုပ်ခဲ့ပြီး အများစုမှာ လေထု၊ ရေထု ညစ်ညမ်းမှုများ၊ စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိသည့် ဆောက်လုပ်ရေး စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။

ဗျူရိုက ယခုနှစ် အစပိုင်းတွင် ဥပဒေကို နှင့် အညီ အရေးယူမှုကိ မြှင့်တင်ခဲ့ပြီး ကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း ၁၁,၆၂၀ ခန့် စစ်ဆေး ခံရခဲ့ကြောင်း သိရသည်။

ခိုင်မာသည့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဥပဒေ စတင် အသက်ဝင်ခဲ့သည့် ဇန်နဝါရီလ ၁ ရက် မှ စတင်၍ ဒဏ်ကြေးငွေ ရရှိမှုသည် ပိုမို များပြားလာကြောင်း သိရသည်။ ဗျူရိုက မီးခိုးမြူများ ဖြစ်ပေါ်စေသည့် မီးသွေး မီးရှို့မှုများ၊ အမှိုက်သရိုက်များအား မီးရှို့မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဖုန့်မှုန့် ထုတ်လွှတ်မှု များကို အဓိကထား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပုံနှိပ်စက်များ၊ ပရိဘောဂ ထုတ်လုပ်သူများ၊ ဓါတ်ဆီနှင့် ပတ်သက်သည့် ဓါတု ပစ္စည်းများ၊ မော်တော်ယာဉ်များ နှင့် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှု များသည် စွဲချက်များတွင် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ စွန့်ပစ် လိုက်သည့် ဘေးထွက် ပစ္စည်းများ အတွက် တစ်ကီလို လျှင် ယွမ်ငွေ ၁၀ မှ ၄၀ ယွမ် အထိ ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဒဏ်ကြေးသည် ဘေးထွက် ပစ္စည်းများ မစွန့်ပစ်ခင် စနစ်တကျ ပြုပြင်သည့် ကုန်ကျစရိတ်ထက် ပိုမို များပြားသောကြာင့် စီးပွားရေး လုပ်ငန်းများအား ပြန်လည် သန့်စင်ပြီးမှ စွန့်ပစ်သည့် အလေ့အကျင့် ရရှိလာအောင် တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပေကျင်းတွင် မီးခိုးမြူ များပြားမှု သည် အဓိက ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ပြီး ဗဟို အစိုးရသည် မြို့တော်၏ လေထုထဲတွင် အမှုန်များပါဝင်မှု (PM 2.5) ကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ကာလအတွင်း ၂၅ ရာခိုင်နှုန်း အထိလျှော့ချရန် အမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117