China
Flying Tiger လေယာဉ်မှူး၏ “A Memoir by Lt. Donald W. Kerr” စာအုပ်ကို Simplified Chinese တရုတ်စာလုံးဖြင့် ပုံနှိပ်ထုတ်ဝေ

ကွမ်ကျိုး၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ် (WWII) အတွင်း အမေရိကန်လေယာဥ်မှူးကို ကယ်တင်ခဲ့သည့်အကြောင်း ပြန်ပြောင်းပြောပြ သည့် “A Memoir by Lt. Donald W. Kerr” စာအုပ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် သြဂုတ် ၂၂ ရက်က အတိုကောက်ရိုးရှင်းသည့်တရုတ်ဘာသာစာလုံး(Simplified Chinese)ဖြင့် ထုတ်ဝေခဲ့သည်။
အဆိုပါစာအုပ်တွင် Flying Tiger တပ်ဖွဲ့ဝင်ဟောင်း လေယာဥ်မှူး ဗိုလ် Donald W. Kerr အကြောင်း အသေးစိတ် ဖော်ပြထားသည်။ ၁၉၄၄ ခုနှစ်က Kai Tak လေဆိပ်ကို ဗုံးကြဲသည့်စစ်ဆင်ရေးအတွင်း ၎င်း၏ လေယာဥ်သည် ဟောင်ကောင်တွင် ဂျပန်လေတပ်၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ ဒေသခံ ရွာသားများနှင့် တရုတ် ကွန်မြူနစ်ပါတီ လက်အောက်ခံ ပျောက်ကြားတပ်ဖွဲ့၏ တုန်းကျန်း(အရှေ့မြစ်)စစ်ကြောင်း၏ ပျောက်ကြား တပ်ဖွဲ့ဝင်များက Kerr ကို ကယ်တင်ခဲ့ကြခြင်းဖြစ်သည်။
ကွယ်လွန်သူလက်ဖတင်နင်၏ ဒုတိယမြောက်သားဖြစ်သူ David Kerr က Dongguan ရှိ အမှတ်တရပြတိုက်တွင် ပြုလုပ်သည့် စာအုပ်ထုတ်ဝေသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၎င်း၏ဖခင်သည် ၁၉၄၃ ခုနှစ်မှ ၁၉၄၄ ခုနှစ် အတွင်း တရုတ်စစ်သားများနှင့်အတူတကွပူးပေါင်း၍ ဂျပန်တပ်များကို ဝေဟင်မှတိုက်ပွဲဝင်ခဲ့ကြောင်း ပြော ကြားခဲ့သည်။
ထိုအမှတ်တရစာအုပ်သည် ဒုတိယကမ္ဘာစစ် လေ့လာမှုအတွက် အရေးကြီးသည့် သမိုင်းအချက်အလက်များ ထောက်ပံ့ပေးပြီး တန်ဖိုးရှိသည့် ပျောက်ကြားတပ်သားများ၏ ကယ်ဆယ်ရေးနှင့် စစ်ဆင်ရေးများအကြောင်း အမေရိကန်စစ်သား တစ်ယောက်၏ အမြင်ရှုထောင့်မှ ဖော်ပြထားခြင်းဖြစ်သည်။
စစ်အတွင်း ဟောင်ကောင်နှင့်မကာအို အနီးတွင် လှုပ်ရှားခဲ့သည် တုန်းကျန်း (အရှေ့မြစ်) စစ်ကြောင်းသည် နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် လူသိများသည်။ Kerr ကို ကယ်ဆယ်ခဲ့ခြင်းသည် ပူးပေါင်းဆောင်ရွက်မှု သာဓကအဖြစ် ကျန်ရှိနေခြင်းပင်ဖြစ်သည်။
စစ်အတွင်းရင်းနှီးမှုသည် မျိုးဆက်များစွာအထိတိုင် ဆက်လက်တည်ရှိနေသည်။ David Kerr နှင့် ၎င်း၏မိသားစုသည် တုန်းကွမ်ပြတိုက်ကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ၎င်းဖခင်၏ လေယာဉ်ပျံသန်းသည့်အခါ ဝတ်ဆင်သည့် ဂျက်ကပ်နှင့် ဓာတ်ပုံများ လှူဒါန်းခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် အမှတ်တရစာအုပ်အား အင်္ဂလိပ်ဘာသာနှင့် ရိုးရာတရုတ်စာလုံး(traditional Chinese)တို့ဖြင့် ထုတ်ဝေခြင်းအတွက် လာရောက်ခဲ့ပြန်သည်။ ယခုတစ်ခေါက် လာရောက်လည်ပတ်ခြင်းသည်လည်း သမိုင်းစာမျက်နှာများကို ထိန်းသိမ်းရန် နောက်ထပ်မှတ်တိုင်ပင် ဖြစ်တော့သည်။
“ကျွန်တော်တို့အဖေက ကျွန်တော်တို့ကို ဒီဇာတ်လမ်းကို သိစေချင်တယ်၊ တရုတ်နိုင်ငံက ကျွန်တော်တို့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ဒီဇာတ်လမ်းကို သိစေချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဟု David Kerr ကပြောခဲ့သည်။ (Xinhua)
…………………….
(English Version)
Simplified Chinese edition of Flying Tiger pilot’s memoir released
GUANGZHOU, Aug. 22 (Xinhua) — The simplified Chinese edition of “A Memoir by Lt. Donald W. Kerr,” which recounts the story of a U.S. pilot rescued during World War II (WWII), was released Friday in south China’s Guangdong Province.
The book details the story of Lieutenant Donald W. Kerr, a Flying Tiger veteran pilot whose aircraft was hit by Japanese forces over Hong Kong in 1944 during a mission to bomb Kai Tak airport. Kerr was rescued by local villagers and guerrilla fighters from the Dongjiang (East River) Column, a guerrilla force led by the Communist Party of China.
David Kerr, the second son of the late lieutenant, attended the release ceremony at a memorial museum in Dongguan. He said that his father flew in combat side-by-side with Chinese soldiers against Japanese forces from 1943 to 1944.
The memoir offers a valuable account of the rescue and the guerrilla fighters’ operations from the perspective of an American soldier, providing important historical material for the study of WWII.
The Dongjiang (East River) Column, operating near Hong Kong and Macao during the war, was renowned for its collaboration with international allies. The rescue of Kerr remains an example of cooperation.
The bond forged during the war has endured across generations. David Kerr and his family first visited the Dongguan museum in 2009, donating his father’s flight jacket and photographs. In 2015, they returned for the release of the memoir’s English and traditional Chinese editions. This latest visit marks another milestone in preserving this chapter of history.
“Our father wanted us to know the story. We want our friends in China to know the story, with our thanks,” David Kerr said.
Photo : Jeffrey Greene (R) watches file photos of the Flying Tigers at an airport in Huangping County, Qiandongnan Miao and Dong Autonomous Prefecture, southwest China’s Guizhou Province, July 16, 2025. (Xinhua/Liu Xu)