Connect with us

China

ဆင်ဟွာနှင့် AP ဥက္ကဋ္ဌတို့ မီဒီယာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် Associated Press (AP) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Daisy Veerasingham တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို အပြန်အလှန်လဲလှယ်နေစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် Associated Press (AP) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Daisy Veerasingham တို့သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဇွန် ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
AP သည် ဆင်ဟွာအတွက် အရေးပါသော မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက်လုံးအနေဖြင့် ကာလရှည်ကြာ အခင်အမင်မပျက် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းထားလျက်ရှိကြောင်း အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သူ ဖုက ပြောကြားခဲ့သည်။
နှစ်ဖက်အဖွဲ့အနေဖြင့် သတင်းနှင့် အချက်အလက်ဝန်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးချဲ့ရန်၊ မီဒီယာလုပ်ငန်းတွင် နည်းပညာသစ်များအသုံးပြုမှုဖလှယ်ရေးအားကောင်းလာရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ယန္တရားများအောက်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း ဖုက ဆိုသည်။
AP နှင့် ဆင်ဟွာတို့သည် နှစ်ပေါင်း ၅၀ ကျော် ဆက်ဆံရေးရှိခဲ့ရာ ခေတ်ကာလ၏ စစ်ဆေးစမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြောင်း Associated Press (AP) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Daisy Veerasingham က ပြောခဲ့သည်။

“ကမ္ဘာကြီးက ပြောင်းလဲမှုများစွာ ကြုံတွေ့နေရတယ်။ ဒါပေမဲ့ အဖွဲ့အစည်းနှစ်ခုကြား ဆက်ဆံရေးကတော့ အချိန်ကာလရှည်ကြာစွာ အတူတကွ ခိုင်မာအောင်ကြိုးပမ်းထားခဲ့သလို ဒါဟာ ရှေ့လာမယ့်နှစ်တွေမှာလည်း ကျွန်မတို့ ဘယ်လိုခိုင်မြဲအောင်လုပ်ဆောင်မလဲဆိုတာကို အလွန်အရေးကြီးတဲ့ ဖော်ပြမှုတစ်ခုလည်းဖြစ်တယ်လို့ ကျွန်မထင်တယ်” ဟု Veerasingham က ဆိုသည်။
ထို့ပြင် ဆင်ဟွာသတင်းအေဂျင်စီနှင့် Associated Press (AP) တို့သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ချိရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိရှိအသုံးချရေးနှင့် အိုလံပစ်အားကစားပွဲ သတင်းရယူရေး စသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Xinhua, AP presidents discuss media cooperation
NEW YORK, June 13 (Xinhua) — President of Xinhua News Agency Fu Hua on Wednesday held talks here with Daisy Veerasingham, president and CEO of the Associated Press (AP).
The AP is an important partner of Xinhua, and the two sides have maintained an amicable relationship for a long time, said Fu, who leads a delegation in the United States.
Fu expressed the hope that the two sides further extend cooperation in news and information services, strengthen exchanges on the application of new technologies in the media industry, and deepen cooperation under multilateral mechanisms.
The AP and Xinhua have a relationship going back over 50 years, and it has stood the test of time, said Veerasingham.
“We have seen many changes in the world, but I think the relationship that the two organizations have forged together for so long is a really important indicator for how we can strengthen our relationship in the years ahead,” said Veerasingham.
The two sides exchanged signed copy of their cooperation agreement on the distribution of photos, videos and press releases, and also discussed challenges and opportunities like the utilization of artificial intelligence and the coverage of Olympic Games.
Photo: President of Xinhua News Agency Fu Hua and Daisy Veerasingham, president and CEO of the Associated Press (AP), exchange signed copy of cooperation agreement in New York, the United States, June 12, 2024. (Xinhua/Li Rui)