ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့သည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေးဆိုခွင့်ရှိသူ Ma Xiaoguang က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူဖြစ်သလို နိုင်ငံတကာအသိုင်းအဝန်း၏...
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် Long March သယ်ဆောင်ရေးဒုံးပျံ၏ အကြိမ် ၄၀၀ မြောက်လွှတ်တင်မှုဖြစ်သည့် Practice 6 ၏ Group 05 ဂြိုလ်တုအား Long March-4D သယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လွှတ်တင်ခဲ့ကြောင်း၊ ၎င်းဂြိုလ်တုသည်...
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) Shenzhou-13 အာကာသယာဉ်အဖွဲ့ဝင်များဖြစ်သော ကျိုက်ကျစ်ကန်း (Zhai Zhigang) နှင့် ဝမ်ရာဖိန် (Wang Yaping) နှင့် ယဲ့ကွမ်းဖု (Ye Guangfu) တို့က တရုတ်နိုင်ငံ၏ အာကာသစခန်းမှနေ၍ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကမ္ဘာမြေပေါ်ရှိ ကျောင်းသူ၊...
ဝူးလူမုချီ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါလူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စွမ်းအင်တည်ဆောက်မှုအား တိုးတက်ကောင်းမွန်အောင်နှင့်လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၁၀ လကြာကာလတွင် စွမ်းအင်သစ်၏ဓါတ်အား ထုတ်လုပ်မှုပမာဏ ကိန်းဂဏန်းနှစ်လုံးထိ တိုးတက်ခဲ့ကြောင်း သိရသည်။
ဟန်ကျိုး၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဒီဇင်ဘာ ၉ ရက်က ကျင်းပသော ၁၄ ကြိမ်မြောက် ဘာလီဒီမိုကရေစီဖိုရမ်တွင် “စစ်မှန်သောဒီမိုကရေစီ စိတ်ဓာတ်ကိုမြှင့်တင်ခြင်းနှင့် လူသားတို့အတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အာကာသလမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-6 သည် ဂြိုဟ်တုစောင့်ကြည်ရေးတာဝန် သုံးခု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သင်္ဘောစတင်ထွက်ခွာခဲ့ရာ မူလဆိပ်ကမ်းသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ သမ္မတ Samia Suluhu Hassan ထံ တန်ဂန်ရီကာနိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။