ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်ရှိသော အဆင့်မြင့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ထပ်မံ၍ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ဇွန်၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီချက် အား မှန်ကန်စွာ လိုက်နာသွားပြီး နှစ်နိုင်ငံ အစိုးရ...
ရှဟဲ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ Labrang ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံမှုလုပ်ငန်းသည် ရှစ်နှစ်နီးပါး ကြာမြင့်ပြီးနောက် ပြီးစီးလုနီးပြီဖြစ်ကြောင်း၊ ကျောင်း၏ ပင်မအဆောက်အအုံနှင့် ဗုဒ္ဓကျောင်းဆောင် ၁၄ ဆောင်၏ နံရံဆေးရေးပန်းချီများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဝူရွှမ်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သော မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံနှင့် စစ်ကျွင်ဟွာတို့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြပြီး ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်စု အဖြစ် မှတ်ပုံတင်ခြင်းခံခဲ့ကြသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေ မှာ လက်ရှိအချိန်တွင် အလုံးစုံ အားဖြင့် တည်ငြိမ်၍ ထိန်းချုပ် နိုင်ပြီး နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ အရေးပါသည့် လမ်းညွှန်မှုအောက်တွင် လက်ရှိအခြေအနေ အား...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ယန်ကျဲ့ချီသည် မကြာသေးမီကတောင်းဆိုချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် အမေရိကန် ဟာဝိုင်အီပြည်နယ်၌ အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် ဇွန် ၁၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါ တိုက်ဖျက်ရေး စည်းလုံးညီညွတ်ခြင်းဆိုင်ရာ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် အောက်ပါအဆိုပြုချက်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် စမ်းသပ်မှုအဆင့် ၁ ကို အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ယခုနှစ်အတွင်း ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ ဒီဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် အွန်လိုင်းဖွင့်ပွဲအခမ်းအနားအရ သိရသည်။