ကွမ်ကျုံး ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျုံးမြို့(Guangzhou) ၌ မြန်နှုန်းမြင့် 5G အင်တာနက်ကွန်ရက် တည်ဆောက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့အတွင်း 5G အင်တာနက် ကွန်ရက် အခြေစိုက်စခန်းပေါင်း ၁၄,၆ဝဝ ထိကို တည်ဆောက်ပြီးစီးရန် မျှော်လင့်ထားကြောင်း...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ၁၉၉၈ ခုနှစ်က တရုတ်ရိုးရာပုံပြင်အား အခြေခံကာ “Mulan” အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည့် တရုတ်ဘာသာစကားပြောရုပ်ရှင်နမူနာအား Walt Disney Pictures က ပြသလိုက်ကြောင်း သိရသည်။
ဂျင်နန်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shandong တက္ကသိုလ် နှင့် စင်ကာပူနိုင်ငံ၏ Nanyang နည်းပညာတက္ကသိုလ်တို့အကြား နိုင်ငံတကာ ဉာဏ်ရည်တုနည်းပညာ(AI) ဆိုင်ရာ သုတေသန စင်တာတစ်ခုကို ပူးတွဲထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) ၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လ ကုန်ပိုင်းအထိ မော်တော်ကား အရေအတွက် အစီးရေ သန်းပေါင်း ၃၄ဝ ရှိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန် အီရန် နျူကလီးယားသဘောတူညီချက်ကို အားလုံးအတူ ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang)က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အဖြေရှာရန်လိုလားသည့် လက္ခဏာများကို ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဇွန် ၃ဝ ရက်(ဆင်ဟွာ) သက်တမ်း ၉၈ နှစ်ရှိပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) သည် အဖွဲ့ဝင် သန်းပေါင်း ၉ဝ ထိ ပြည့်တင်းခဲ့ပြီဖြစ်ကြောင်း CPC ဗဟိုကော်မတီ၏ ပါတီစည်းရုံးရေးဌာနက ယနေ့ဇွန် ၃ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။